spot_img
Saturday, April 1, 2023
spot_img
- Advertisement -spot_img

TAG

ပြောင်းဖူး

ပိုးနှစ်ပိုးနဲ့ ပြောင်းစိုက်တောင်သူတွေရဲ့ ဘဝ

မီမြာ အသက်၆ဝလောက်ရှိပြီဖြစ်တဲ့ ဦးတီရယ်ကတော့ စိုက်ထားတဲ့ ပြောင်းဖူးခင်းမှာ ငမြောင်တောင်ပိုး ဖျက်ဆီးနေတဲ့အတွက် ပိုးကို လက်နဲ့တစ်ကောင်ချင်း ဖယ်ရှားနေပါတယ်။ ပိုးက အညိုရောင်ဖြစ်ပြီး အရှည်(၃)စင်တီမီတာလောက်နဲ့ ဆန်စေ့နှစ်စေ့အရွယ်အစားလောက်ကြီးပါတယ်။ ကယားပြည်နယ်မှာ ပြောင်းဖူးပင်ပိုးကျတဲ့ ပြဿနာကို အရင်နှစ်ကစပြီး ပြောင်းစိုက်တောင်သူတွေ ကြုံတွေ့ခဲ့ရပြီး ပြောင်းအထွက်နှုန်းကျဆင်းမှုတွေရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပြောင်းခင်းပိုးကျတယ် covid-19 ကပ်ရောဂါလည်းဖြစ်ပွားနေတဲ့အတွက် တောင်သူတွေ ပြောင်းဈေးနှုန်းအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ပြောင်းကို...

ကယားပြည်နယ်ရှိ ပြောင်းဖူးစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

ဦးမြာ ယခုနှစ်ကယားပြည်နယ်တွင် ပြောင်းဖူးစိုက်တောင်သူများသည် ပိုးကျမှုဒဏ်ကိုခံခဲ့ရပြီး ပြောင်းဖူးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုကြောင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။ ယမန်နှစ်ပြောင်းပေါ်ချိန်တွင် တစ်ပိဿာ ၅၀၀ နှုန်းဖြင့်ဝယ်ယူခဲ့သော်လည်း ယခုနှစ်ပြောင်းဦးပေါ်ချိန်တွင် တစ်ပိဿာ ၄၀၀ နှုန်းဖြင့်သာဝယ်ယူခဲ့ပြီးယခုအခါတွင် တစ်ပိဿာ ၃၄၅ ကျပ်ဖြင့်သာဝယ်ယူတော့သည်။ ထို့အပြင် ယခုနှစ်တွင် ပြောင်းဖူးကိုဖျက်စီးသည့် ငမြောင်တောင်ပိုးကျရောက်မှုရှိနေပြန်သည်။ ငမြောင်တောင်ပိုးများကိုနှိမ်နှင်းရန် ပိုးသတ်ဆေးကိုဝယ်ယူရသည့်အတွက် ယခင်နှစ်များထက် ငွေအရင်းအနှီးများပိုမိုလိုအပ်ခဲ့ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ဒေါ်လူမာကပြောသည်။ “အရင်နှစ်တွေထက်အရင်းပိုကုန်တယ်။...

Latest news

- Advertisement -spot_img