စိုးထိုက်အောင် မော်ချီး ခဲသတ္တုတူးဖော်တဲ့ လုပ်ကွက်နေရာတွေမှာ အချို့မြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အန္တရာယ်ရှိတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့ သူတွေရှိမရှိ ကင်းလှည့် ကြည့်ရှုနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။ “ ဒီနေရာမှ အန္တရာယ်ဇုန်၊ အန္တရာယ်ရှိနိုင်ပါတယ် ဆိုပြီးတော့မှ ကျတော်တို့ဆိုင်းဘုတ်တွေ၊ ပြီးတော့ အသိပညာဟောပြောပွဲတွေ၊ ပြီးတော့ မော်ချီးမှာ ကျတော်တို့အဖွဲ့တွေ ၊ အဖွဲ့စုံ အဖွဲ့နဲ့ဖွဲ့ပြီးမှ နေ့တစ်ကြိမ်၊ ညတစ်ကြိမ် လူတွေ မတူးအောင်၊ အလုပ်မလုပ်အောင် ကျတော်တို့ကင်းလှည့်ပြီးဆောင်ရွက်နေပါတယ်။” လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ မြေပြိုမှုတွေ မကြာခန ဖြစ်ပေါ်နေခဲ့ပြီး သေဆုံးခဲ့သူတွေလည်းရှိပါတယ်။ မိုးတွင်းကာလ မှာ အများစုကတော့ ခဲတူးတဲ့ လုပ်ငန်းကို […]

စိုးထိုက်အောင်၊ အန်ထောနီ သဘာဝသယံဇာတရဲ့ ခွဲဝေမှုတွေက တိုင်းရင်းသားဒေသတွေဘက်မှာ ပြည်သူတွေအတွက် အမျိုးသမီးတွေ တန်းတူ ရပိုင်ခွင့်မရတာတွေ ဘာသတင်းအချက်အလက်မှ သိခွင့်မရတာတွေက ဒေသခံ အမျိုးသမီးထုတွေအတွက် ငြိမ်းချမ်းရေးမရတာနဲ့ အတူတူပဲလို့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ဥက္ကဌ ဆရာမ မာဂရက်စိန်က ပြောကြားလိုက်ပါတယ်။ “ကျမတို့ဒေသခံတွေ ဘာမှသိပိုင်ခွင့်မရှိဘူးပေါ့နော်။ ဒါလေးတွေရှိတဲ့အတွက်ကြောင့်မိုလို့ ငြိမ်းချမ်းလာလို့ပြောမယ်ဆိုလို့ရှိရင် သေနတ်သံရပ်စဲသွားတာတော့ ဟုတ်တယ်။ Peace (ငြိမ်းချမ်းရေး) ဆိုတာတော့ မရှိသေးဘူး။ ပြည်သူတစ်ယောက်ချင်းစီမှာ ငြိမ်းချမ်းလာဆိုလို့ရှိရင် ငြိမ်းချမ်းတယ်လို့မထင်ဘူးပေါ့။” လို့ ဆရာမ မာဂရက်စိန်က ပြောပါတယ်။ “ပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး” အဖွဲ့ဟာဆိုရင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်က ကျေးလက်နေ ဒေသခံပြည်သူတွေ အမျိုးသမီးထုတွေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တဖက်တစ်လမ်း […]

စိုးထိုက်အောင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးခဲသတ္တုတွင်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ ပြည်သူတွေဘက်က တင်ပြချက်မရှိတဲ့အတွက် လွှတ်တော်ထဲမှာ တင်ပြဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါတယ်။ ဒေါ်နန်းထွေးသူက “ခဲဆိပ်နဲ့ပတ်သတ်ပြီးမှတော့ ဒါပြည်သူတွေဆီကနေလဲ အမတို့ကလူထုတွေ့တယ်လေ လူထုအမြဲတန်းတွေ့တုန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့တင်ပြတာတွေလဲ မရှိဘူး၊ မေးမြန်းတာတွေလဲ မရှိဘူးဆိုတော့ အမတို့က လွတ်တော်ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူ့အသံနားထောင်မှ ပြည်သူတွေရဲ့တင်ပြချက်တွေ အပေါ်မှာအမတို့က တစ်ဆင့်ပြန်တင်တာပေါ့နော်။”လို့ ပြောပါတယ်။ အခုလို ခဲသတ္တုတွင်းလုပ်ငန်းမှာ ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါတွေ၊ ခဲဆိပ်ရောဂါတွေဖြစ်ပွားနေပေမဲ့လည်း အများနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေလိုတင်ပြလာတာမရှိတဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင်ထားတာမရှိဘူးလို့ဆိုပါတယ်။ မော်ချီးဒေသ အတွင်းမှာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေလျက်ရှိတဲ့အမျိုးသားတွေအနေနဲ့ ဂန်းထိုးခြင်း၊ ယမ်းခွဲခြင်းကြောင့် ခဲဆိပ်သင့်ပြီး […]

ကျော်စိုးသူ (လွှတ်တော်) Economic Development ရေးသားသည်။ ပြီးခဲ့တဲ့ရက်ပိုင်းက မော်ချီးဒေသ၊ လိုခါးလို ကျေးရွာတွင် ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ သွားရောက်ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသော လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသခံ တိုင်းရင်းသားဒေသများ အကြောင်းကို သိခဲ့ရပေသည်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ အဆိုပါ ဒေသအတွက် အဓိက စိန်ခေါ်မှုလိုပင်ဖြစ်နေပါသည်။ ကားတစ်စီးစာ ပင်မနည်း ရှောင်တိမ်းမောင်းနှင်နေရသလို လမ်းအတွင်း ကားနှစ်စီး မျက်နှာချင်းဆိုင်မိပါက နောက်ပြန်ဆုတ်ပေးရသည်အထိ လမ်းများမှာ အလွန်တရာ ကျဉ်းမျောင်း လှပေသည်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကျန် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားရေး အခြေအနေ များမှာလည်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး […]