၂၀၁၂ လယ်ယာမြေဥပဒေ ၏ အကျိုးဆက်များ (၁၁.၅.၂၀၂၀) တိုင်းရင်းသားဒေသတွေမှာ မြေယာ နှင့် ပတ်သက်ပြီး သက်သေခံစာရွက်စာတမ်းတောင်းလာရင် သူတို့မှာ ပြနိုင်တာဆိုလို့ ကြာချိန် (တိကျရှင်းမူမရှိသောအချိန်ကာလ) ပဲဖြစ်တယ်။ (သို့မဟုတ်) ခေတ်အဆက်ဆက်က ဒီမြေကိုလက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့တဲ့ ဘိုးဘွားတွေရဲ့အမည်နာမတွေပါပဲ။ ဒါပေမဲ့ ဒါတွေကို ၂၀၁၂ လယ် ယာမြေဥပဒေကို နားမလည်ဘူး။ အသိအမှတ်မပြုဘူး။ ဒါကြောင့် ယခုအခါမှာ ဒေသခံတောင်သူလယ်သမားတွေ အကြီးအကျယ်ခံနေရတယ်။ အနိင်ကျင့်ခံနေရတယ် ။ တရားရုံးမှာ တရားစွဲခံနေရတယ်။ ဥပဒေနဲ့ ခြိမ်း ခြောက်ခံနေရတယ်။ ကယားပြည်နယ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ကိုင်ပြီး ဒေသခံတောင်သူ လယ်သမား တွေကို တရားဆွဲ တဲ့အမူက (၃/၄) မူမက ရှိနေပြီ။ တရားလိုတွေအားလုံးနီးပါးက အစိုးရဌာနဆိုင်တွေနဲ့ နီးစပ်သူတွေဖြစ် […]

စိုးထိုက်အောင် ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာရဲ့ မြေယာအငြင်းပွားမှု ပြဿနာမှာ ဝယ်သူဘက်က မြေယာကို မတရားဝယ်ယူထားတာမဟုတ်ကြောင်း အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ဝယ်ထားတာဖြစ်တယ်လို့ ၎င်းရွာမြေကို ဝယ်ယူသူ ဦးထက်ကပြောပါတယ်။ ၎င်းက “ကျတော်တို့ မတရားယူထားတာမှ မဟုတ်တာမဟုတ်တာ၊ ကျတော်တို့ အထောက်အထားတွေနဲ့အချက်အလက်တွေပြည့်စုံပြီးတော့ ကျတော်တို့ဝယ်တာလေ အဲ့မြေကို သူတို့မြေဆိုတာဒီတိုင်းနှုတ်နဲ့သွားပြောလို့မှမရတာ သူတို့မှာ ဘာလဲ အထောက်အထားဆိုတာလဲ နှုတ်ထဲမှာဘဲရှိတယ်သွားပြောလို့ဘယ်ရမှာတုန်း” လို့ပြောပါတယ်။ ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့မြေ(၃) ဧက ကို ၂၀၁၉၊ ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ မြေကိုဝယ်ယူသူ ဦးထက် မှ သိန်း ၃၆၀ကျပ်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်တွင်နေထိုင်သူ ဒေါ်စိန်ဖေါလျားနာကနေတဆင့် ဝယ်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉၊ မတ်လ ၃ရက်နေ့မှာ (ဒီးမော့ဆိုမြို့) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် လျှောက်လွှာတင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၉ […]

ကန္တရဝတီတိုင်း(မ်) ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကို ပြည်နယ်အစိုးရကနေပြီး လယ်မြေပေါ် နေအိမ်ဆောက်လုပ်တဲ့အတွက် ဥပဒေအရ ဒဏ်ငွေမပေးဆောင်ပါက တရားစွဲဆိုခံရမယ်လို့ ညွန်ကြားထားကြောင်းသိရပါတယ်။ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မလျှောက်တာကြောင့် ဒဏ်ငွေပေးဆောင်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပြီး ငွေကြေးမတတ်နိုင်တာကြောင့် သက်ညှာစဉ်းစားပေးဖို့ အသနားခံစာကို ပြည်နယ်အစိုးရကိုတင်ပြထားပေမယ့် အဆင်မပြေဘူးလို့ ဒေါ်စူးမြာက ပြောပါတယ်။ “ရုံးကခေါ်တယ်ပေါ့ ကျမကအရမ်းစိတ်ညစ်ရတယ် သုံးလေးခါလောက်ခေါ်နေပြီ ဟိုမှာသွားရင်လည်းကျမက ဗမာစကားမတတ်တော့ပိုတောင်ဆိုးသွားတယ်ပေါ့။ သူတို့က ငွေကြေးပေးရမယ်ဆိုပြီးပြောလာတယ် ကျမက ၉သိန်းကိုလျော့ပြီးတော့ တစ်သိန်းနှစ်သိန်းပဲပေးနိုင်တာကိုပြောလည်း သူတို့ကလက်မခံဘူး ဆိုတော့ ၉သိန်းအပြည့်အဝပေးရမယ်သူတို့ကပြောလာတယ်ပေါ့။ ရုံးကိုသွားတဲ့အချိန်ကျတော့ ဗမာစကားမတတ်တော့ ဌားပြီးသွားရတာပေါ့” လို့ ဆိုပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့်လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကိုလည်း မသိရှိဘူးလို့ […]

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ကနေပြီးတော့ ဒီးမော့ဆိုမြို့နယ် တောင်သူတချို့ကိုတောင်ယာမြေ ပြန်လည်ချပေးတဲ့အတွက် တောင်သူတွေက လက်မခံခဲ့ဘူးလို့ ကရင်နီပြည်တောင်သူလယ်သားမားသမ္မဂကိုတူရယ်က ပြောပါတယ်။ “ ဒီပြန်ပေးတဲ့ဟာကိုလဲသူတို့မယူရဲဘူး လိပ်ပြာမသန့်ဘူးလဲဖြစ်တယ်။ ပြီးတော့ ဒါကယူတယ်ဆိုတာ ကျတော်တို့ကိုအချင်းချင်းရန်တိုက်ပေးတယ်ဆိုတဲ့သဘောမျိုးသက်ရောက်တယ်ဆိုတော့ ဒီပြန်ပေးတဲ့ဟာကိုတော့ သူတို့မယူရဲဘူးပေါ့။ အကယ်လို့ပြန်ပေးချင်ရင်တောင် အကုန်လုံးပြန်ပေးပါ တောင်းဆိုထားတဲ့လူတွေအားလုံးကိုပြန်ပေးပါ ပြီးတော့ မျှမျှတတဘဲလုပ်ပေးဖို့ပေါ့ သို့မဟုတ်ရင် ကျိုကြားကွက်ကြားမျိုးပေးတာ ရန်တိုက်ပေးသလိုဖြစ်တယ်ဆိုပြီးတော့ သူတို့မယူတာ။” လို့ ဦးတူရယ်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ(၅) ဦးကို ဒေါဆိုရှေ့ရွာဟောင်း သင်္ချု ိင်းကုန်းတောင်ခြေနားက မြေတွေကို ပြန်ပေးမယ်ဆိုပြီး ဒေါဆိုရှေ့တောင်သူ ၅ဦးကို မြေယူမည်ဆိုပါက လက်မှတ်ထိုးပြီးတော့ယူလို့ရကြောင်း ၊ မယူဘူးဆိုရင်လဲ မယူနိုင်တဲ့အကြောင်းလက်မှတ်ထိုးဖို့အတွက်ပြောခဲ့ပေမဲ့ […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(ကွင်းပြင်)၊ ဧရိယာ (၂၄၇) ဧကရှိ မြေပေါ်မှာ ဦးဝင်းမင်းငြိမ်း(ကိုယ်စား) ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တုရောရာထုတ်လုပ်ရာမြေနေရာလျှောက်ထားမှုကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။ CIVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်းမှာ ကုန်းသာကျေးရွာအုပ်စုနဲ့ ကယန်းသာယာအုပ်စုအတွင်း ပွင့်လင်းမြင်သာမှုမရှိပဲ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲသတ္တုတူးဖော်မယ့်ကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မြေလွတ်မြေလပ်မြေရိုင်း(လုံးဝ)မရှိ စတဲ့ ပိုစတာစာရွက်တွေကို ကုန်းသာအုပ်စုနဲ့ ကယန်းသာယာအုပ်စုတို့မှ ကျေးရွာသူ/သား များကန့်ကွက်ကြောင်း မေလ ၁ ရက်နေ့မှာ လမ်းမကြီးတစ်လျှောက် လိုက်ကပ်ခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ကုန်းသာအုပ်စုဖက်က တောင်သူတွေမြေအချို့ကို ကုမ္ပဏီကဝယ်ထားတာရှိပေမယ့်လည်း ထပ်မံလျှောက်ထားတဲ့မြေဧက များနေတာကြောင့် ဒေသခံတောင်သူတွေက ကန့်ကွက်ကြောင်းလက်မှတ်ထိုးတင်ပြခဲ့ကြတယ်လို့ ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒါညေးလယ်က ပြောပါတယ်။ “တင်လိုက်ပြီဆိုတော့ မြေစာရင်းမှာက လုပ်ထုံးလုပ်နည်းအရဆိုရင် အချိန်မှီကန့်ကွက်တယ်ဆိုရင်တော့ […]

ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို့တွင် ယခုလ ၉ ရက်နေ့တွင် မြေယာနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်ကိုဖဲအီက “ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အတွက် ဘယ်အချက်ကအန္တရာယ်ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးတယ်၊ နောက်ပြီး ပြည်နယ်မှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို အသုံးပြုပြီးမှ လာလျှောက်ထားတဲ့အခြေအနေတွေရှိလား၊ နောက်ကျနော်တို့ဒီ ဥပဒေတွေကို ကိုင်ပြီး ကျနော်တို့မြေကိုလာယူတာတွေလာလျောက်တာတွေလုပ်ရင် ကျနော်တို့ဘယ်လိုကာကွယ်ရမယ်ရပ်တည်ကြမလဲဆိုတာအဓိကဆွေးနွေးပါတယ်၊ ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြင်ဆင်လိုက်တာနဲ့ပတ်သက်ပြီး သုံးသပ်တာတွေလုပ်ပါတယ်” လို့ပြောပါတယ်။ မြေယာအလုပ်ရုံဆွေးနွေးပွဲအပြီးမှာတော့ အချက်သုံးချက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပြီး ကယားပြည်နယ် (ကရင်နီပြည်) တွင် မြေယာကိစ္စကြောင့်တရားစွဲခံထားရပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသည့်တောင်သူများကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ဘိုးစဉ်ဘောင်ဆက်ကတည်းက ရိုးရာဓလေ့အရမြေစီမံခန့်ခွဲနေမှုကို အသိအမှတ်ပြုရန်နှင့်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကို အသုံးချပြီး […]