စောအင်ဒရူးဝေဖြိုးကျော် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အစ္စလာမ်ဂျာမေ့ဗလီ၌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဩဂုတ် ၂ရ ရက်နေ့ နေ့လည်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပသွားကြောင်းသိရှိရပါသည်။ ထိုဆွေးနွေးပွဲတွင် လူမှုကူညီရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ရှေ့ဆက်ဘာသာပေါင်းစုံလူငယ်များ တွေ့ဆုံနိုင်သည့် ညီလာခံ တစ်ခု ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ မိဇိ္ဇမ နှလုံးသားလူငယ်အဖွဲ့မှ ကိုပြည့်ဖြိုးဝင်းက “ လူငယ်တွေကတော့ ရံပုံငွေမရှိပေမယ့် လုပ်အားတွေနဲ့ လူကြီးတွေက လမ်းပြပြီး ကျနော်တို့က အတတ်နိုင်ဆုံးလုပ်သွားမယ်။” ဟု ပြောသွားပါသည်။ ၎င်းဆွေးနွေးပွဲနှင့် ပတ်သတ်၍ ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးဝန်ကြီး ဦးမော်မော်က “ပျားအစုနှင့်တူတယ်လို့ ကျနော်မြင်မိပါတယ်။ ပျားတွေဆိုတာ သူတို့လိုအပ်တဲ့ ဝတ်ရည်တွေကိုသာ ပန်းခင်းထဲမှာ သူတို့ဆုတ်ယူသွားတာပါ။ ပန်းခင်းကို ဖျက်ဆီးသွားခြင်းမရှိပါဘူး။ ထို့အတူပဲ […]