တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းထိရောက်အောင် မြင်မှုရှိရန်မှာ နိုင်ငံရေးဆွေးနွေးမှု နှင့် ခိုင်မာသည့်ငြိမ်းချမ်းရေးအပေါ်တွင်လည်း မူတည်နေသည်ဟု ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဒုုတိယဥက္ကဋ္ဌနိုင်ဟံသာက ပြောသည်။ “နိုင်ငံရေးအရ ခိုင်မာတဲ့လမ်းစဉ်မရှိသေးတဲ့အတွက် တစ်ဖက်က ဘယ်သူမှ မလုပ်ချင်ကြဘူး။ များသောအားဖြင့်ဒေသခံပြည်သူ့စစ်တွေက အကျိုးစီးပွားတွေရှိတယ်။ ဒါတွေကလည်းပြောရရင် အစိုးရကဖွဲ့ထားတဲ့ အင်အားစုတွေပဲ တစ်ဖက်ကတိုက်နေရတဲ့အင်အားစုကလည်းတချို့က ဝင်ငွေရဖို့လုပ်နေရင်လည်းလုပ်နေမှာပဲ၊ နှစ်ဖက်စလုံးညှိရမှာပါပဲ။ ခိုင်မာတဲ့ငြိမ်းချမ်းရေးမရသမျှတော့ မူးယစ်ဆေးဝါးတိုက်ဖျက်လို့မရနိုင်သေးဘူး။” ဟု ၎င်းက ပြောသည်။ မူးယစ်ဆေးဝါးကိစ္စရပ်များမှာ နိုင်ငံတဝန်းလုံးမှ လူငယ်များ၏ ပြဿနာဖြစ်သည့်အတွက် လူငယ်များပူးပေါင်းဆောင်ရွက်ပြီး မိမိ၏ အနာဂတ်လမ်းကြောင်းကိုရွေးခြယ်သင့်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဒုဥက္ကဌ ခူးဦးရယ်က ပြောသည်။ “ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနေတာလူငယ်တွေဖြစ်တယ်။ များတယ်လို့ပြောလိုက်တာကလည်း အပြစ်ပြောတာတော့မဟုတ်ဘူး တကယ်တန်းအဓိကကျတဲ့သူတွေအတွက် ကျနော်တို့အဓိကပြောရမယ့်ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ပျက်စီးနေတာက […]

မူအက်စတာ ဒီးမော့ဆိုမြို့နယ်၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါးရပ်ကွက်တွင် ဩဂုတ်လ ၂၃ ရက်က မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရရှိမိကြောင်း ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ဒီးမော့ဆိုမြို့နယ် ၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါး(၄)ရပ်ကွက်နေ ဇိုဝါးနီ(ခ)ဖားကယ် မှာ ၎င်း၏နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း သိမ်းဆည်းထားသော မူးယစ်ဆေးဝါးများ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဇိုဝါးနီ(ခ)ဖားကယ်၏ နေအိမ်အတွင်းမှ (WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂)ပြား၊ ခန့်မှန်း    အလေးချိန်(၁.၀၈)ဂရမ်၊ ကာလတန်ဖိုး(၁၈၀၀၀)ကျပ်ခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းအမှုကို ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းမှ ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်သူရကျော်မှ စစ်ဆေးလျှက်ရှိသည်။

မူအက်စတာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို ့ ၊ စံပြ ၆ မိုင် ကျေးရွာ အမှတ်(၄)ရပ်ကွက်တွင် ဩဂုတ်လ ၂ဝ ရက်နေ့ နံနက် (၀၅း၁၅)၊  မူးယစ်ဆေးဝါးနှင့် ငွေစက္ကူထပ်မံ ဖမ်းဆီးမိကြောင်း  မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းမှ သိရှိရသည်။ ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက်နေ အီညားရှို(ဘ) ဦးဆီကောဒို၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဦးအီညားရှို၏ နေအိမ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ပြား ၉ဝ (တန်ဖိုး ၁၃၅, ဝ၀ဝ ကျပ်) အလေး   ချိန် […]

မူအက်စတာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ သာယပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ရက်နေ့ နံနက်(၀၁းဝ၀)အချိန်တွင် မူးယစ်ဆေးဝါးနှင့် အခြားသက်သေခံပစ္စည်းများ ထပ်မံဖမ်းမိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ ရဲမှတ်တမ်းများမှ သိရှိရ သည်။ ဒီးမော့ဆိုမြို့နယ် အိုကေအုပ်စု၊ သာယပ်ကျေးရွာနေ ဦးသာရှို(ခ)မောင်ရှို၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်နေကြောင်းနှင့် သုံးစွဲသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၁/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဦးသာရှို၏နေအိမ်သို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးမိုးနိုင်ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သာရှို၏နေအိမ်တွင် သာရှို၊ စောသာထူး၊ မောင်သန်း၊ မောင်ယုန်းတို့အား တွေ့ရှိရပြီး (WY) စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၁၇)ပြား ခန့်မှန်းတန်ဖိုးငွေ ကျပ်(၃၀ဝ ဝ၀ဝ )ခန့်၊ ပွိုင့် […]