ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို့တွင် ယခုလ ၉ ရက်နေ့တွင် မြေယာနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်ကိုဖဲအီက “ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အတွက် ဘယ်အချက်ကအန္တရာယ်ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးတယ်၊ နောက်ပြီး ပြည်နယ်မှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို အသုံးပြုပြီးမှ လာလျှောက်ထားတဲ့အခြေအနေတွေရှိလား၊ နောက်ကျနော်တို့ဒီ ဥပဒေတွေကို ကိုင်ပြီး ကျနော်တို့မြေကိုလာယူတာတွေလာလျောက်တာတွေလုပ်ရင် ကျနော်တို့ဘယ်လိုကာကွယ်ရမယ်ရပ်တည်ကြမလဲဆိုတာအဓိကဆွေးနွေးပါတယ်၊ ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြင်ဆင်လိုက်တာနဲ့ပတ်သက်ပြီး သုံးသပ်တာတွေလုပ်ပါတယ်” လို့ပြောပါတယ်။ မြေယာအလုပ်ရုံဆွေးနွေးပွဲအပြီးမှာတော့ အချက်သုံးချက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပြီး ကယားပြည်နယ် (ကရင်နီပြည်) တွင် မြေယာကိစ္စကြောင့်တရားစွဲခံထားရပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသည့်တောင်သူများကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ဘိုးစဉ်ဘောင်ဆက်ကတည်းက ရိုးရာဓလေ့အရမြေစီမံခန့်ခွဲနေမှုကို အသိအမှတ်ပြုရန်နှင့်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကို အသုံးချပြီး […]