စိုးထိုက်အောင် ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးမှတ်တမ််းကွန်ရက်(မြန်မာနိုင်ငံ) ND- Burma အဖွဲ့ဝင် အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင် ကပြောပါတယ်။ “ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာ ဆိုလို့ရှိရင် ရခိုင်ဘက်ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်းတွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ရခိုင်ဘက်မှာဆိုရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။ COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အထူးသဖြင့် ထိခိုက်ရှလွယ်တဲ့ လူထုကို အကူအညီပေးဖို့အတွက် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ […]