spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeမာလ်တီမီဒီယာဖာလာဈေးကျလို့ တောင်သူတွေအခက်ကြုံ (ရုပ်သံ)

ဖာလာဈေးကျလို့ တောင်သူတွေအခက်ကြုံ (ရုပ်သံ)

-

ခွန်းကလိုင်းဖရီး


ဖာလာဈေးနှုန်းတွေ ယခင်နှစ်တွေနဲ့ယှဉ်ရင် ဈေးထိုးကျသွားတာကြောင့် ကယားပြည်နယ်နဲ့ ကယန်း ဒေသက ဖာလာစိုက်တောင်သူတွေ အခက်အခဲကြုံနေကြရပါတယ်။

ဖာလာဈေးကွက်ဟာ တစ်နှစ်နဲ့တစ်နှစ် ဈေးနှုန်းတူညီမှုမရှိပဲ ဈေးအတက်အကျရှိတတ်ပြီး ဖာလာသီးခြောက် အခွံအုပ် ၁ ပိဿကို အမြင့်ဆုံးဈေးနှုန်းအဖြစ် နှစ်သောင်းအထိရတဲ့ နှစ်တွေလည်းရှိတယ်လို့ တောင်သူ တွေက ဆိုပါတယ်။

ဖာလာပင်ဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီးတော့ သစ်တောကို မှီခိုပြီး စိုက်ပျိုးရတာကြောင့် သစ်တောပြုန်း တီးမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။

ဒါပေမယ့်လည်း တောင်သူအချို့က ရွှေ့ပြောင်းတောင်စိုက်ပျိုးရေးထက် ဖာလာစိုက်ပျိုးရေးဘက်ကို ဦးတည် လုပ်ကိုင်လာကြပေမယ့် ဒီနှစ်လို အခြေအနေမျိုးဆို ဖာလာအဝယ်သမားတောင် ရှားပါးနေပါတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ