ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းဆရာမ တစ်ဦးရဲ့ဆိုင်ကယ်ပျောက်ဆုံး

0
3154

 ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ် လွိုင်ကော်ြမို့  ဒီကနေ့ (ဖေဖော်ဝါရီလ ၉ရက်နေ့) အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းက ဆရာမတစ်ဦးရဲ့ဆိုင်ကယ်ပျောက်သွားတယ်လို့သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ဆိုင်ကယ်က (Hondan Dream 125, 2021 model) ဖြစ်ပြီး ဆန္ဒပြနေချိန်မှာ နောင်ယားကန်နားက အားကစားရုံမှာ ထားရှိခဲ့တယ်လို့သိရပါတယ်။

ဆိုင်ကယ်ပျောက်ဆုံးသွားသူကို ပညာရေးဝန်ထမ်းမှာရှိတဲ့ ဝန်ထမ်းဆရာ၊ ဆရာမတွေက အလှူငွေသဘောမျိုး ပိုက်ဆံစုကြပြီး အစားထိုးပြန်ဝယ်ပေးဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ဆိုင်ကယ်ကို ဘယ်လိုရှာဖွေမှုပြုလုပ်နေတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်းမ်အနေနဲ့ မသိရသေးပါဘူး။

တပ်မတော်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို မြို့နယ်အသီးသီးမှာ ပြုလုပ်ကြပြီး ဒီနေ့မှာတော့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုက လူထုတွေ ပေါင်းပြီး လွိုင်ကော်မှာ ဆန္ဒပြခဲ့ကြပါတယ်။

လွိုင်ကော်မြို့နဲ့ ဖားဆောင်းမြို့မှာ မနေ့ညက လူ၅ဦးထက်ပိုအစုက အမိန့်ထုတ်ခဲ့ပေမယ့် ဒီနေ့ လွိုင်ကော်ဆန္ဒပြပွဲမှာ လူအများအပြားပါဝင်ခဲ့ပြီး ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း စတဲ့ ဌာနဆိုင်ရာတွေလည်း ပါဝင်ခဲ့ပါတယ်။