ယမနေ့ည လွိုင်ကော်မြို့၊ ဒေါဥခူကွက်ဟောင်းရှိ လူနေအိမ်ခြံဝန်းတစ်ခုအတွင်း အသံကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်

0
9559

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူကွက်ဟောင်းရပ်ကွက်အတွင်းရှိ လူနေထိုင်တဲ့ နေအိမ်ခြံဝန်းတစ်ခုအတွင်း မနေ့ည ၁၁း၅ဝ မိနစ် ဝန်းကျင်လောက်မှာ အသံကျယ်လောင်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ်များပါတုန်ခါသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ အနီးအနားမှာ နေထိုင်တဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက “ပေါက်ကွဲတာနဲ့ တုန်ခါပြီးတော့ အစအနတွေစင်တာပေါ့နော်။ စင်ပြီးတော့ အိမ်ခေါင်မိုးပေါ်လာကျနေတယ်။ သစ်တိုသစ်စတွေ အဲ့လိုမျိုး၊ အဲ့ဒီမှာ ပျဥ်ပုံတွေရှိတာကော၊ ပျဥ်ပုံပေါ်ကျသွားတာနဲ့တူတယ်။”လို့ ပြောပါတယ်။

ခြံဝန်းအတွင်း ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လူနေအိမ်နဲ့ မနီးမဝေးမှာ ​ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိဘူးလို့ သိရပါတယ်။

ဘာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သလဲဆိုတာ မသိရသေးပဲ ပေါက်ကွဲမှုဖြစ်ပြီး ၁၅ မိနစ်အကြာလောက်မှာ အိမ်စီးကား သုံးစီးနဲ့ ရဲတွေရောက်လာသလို၊ နံနက် ၇ နာရီဝန်းကျင်လောက်မှာတခါ ရဲနဲ့ စစ်သားတွေပါတဲ့ စစ်ကား ၇ စီခန့်ပြန်ရောက်လာပြီး ပေါက်ကွဲသွားတဲ့ အစအနတွေကို ရှာဖွေသိမ်းယူမှုတွေ ပြုလုပ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။