Homeသတင်းလွိုင်ကော်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံးကို ဗုံးခွဲခဲ့ကြောင်း KNDF (Loikaw Zone) ထုတ်ပြန်

လွိုင်ကော်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံးကို ဗုံးခွဲခဲ့ကြောင်း KNDF (Loikaw Zone) ထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၁၂ရက်နေ့ ည (၉း၂၀) ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ EPC ရုံး ဗုံးကွဲမှု ဖြစ်စဉ်မှာ KNDFမှ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Karenni Nationalities Defence Force (Loikaw Zone) မှ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စွဲရာနေရာများ၊ ပြည်သူလူထုအပေါ် အတင်းအကြပ်အခွန်အခများ ကောက်ခံခြင်းပြုလုပ်နေတဲ့ ဌာနများကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အကြောက်မလွန်ကြရန်၊ ပေါက်ကွဲတဲ့ နေရာအတိအကျအား Scial Media ဖြစ်တဲ့ Facebook ပေါ် ရေးသားဖော်ပြခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပါတယ်။

KNDFအဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် ပြည်သူလူထုအား ထိခိုက်နစ်နာစေတဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို မည်သည့်အခါမှ ပြုလုပ်သွားမှာမဟုတ်ကြောင်း အသိပေးပန်ကြားထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ