spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်တိုက်ပွဲမှာစစ်ကောင်စီရဲ့ လက်နက်တချို့သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဩဂုတ်၂၈) လွိုင်လင်မြို့နယ် မှာ တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်မတော် (KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ က စစ်ကောင်စီရဲ့လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံးနဲ့ RPG 7စတာတွေကို သိမ်းရခဲ့တယ်လို့ ကရင်နီတပ်မတော် က တာဝန်ရှိသူတဦးထံက‌နေသိရ ပါတယ်။

” သေနတ်တစ်လက်က MA2 (စက်လတ်ကလေး)လို့ခေါ်တယ်။နောက်ပြီးတော့ ကျည်ဘောက်တစ်ဘောက်ပါတယ်။ RPG တစ်လုံးပါတယ်။ နောက်ပြီးတော့မှ MA1၊ MA2ကျည်ဆံတွေ စုစုပေါင်း ၃၅၀လောက်ပါတယ်။ နောက်ထပ်တစ်ခုက လက်ပစ်ဗုံးပေါ့နော။ “

စစ်ကောင်စီဘက်က တပ်မဆုတ်သေးတဲ့အပြင် စစ်ကြောင်းဆက်ထိုးနေသေးတာ‌ကြောင့် ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်လျက်ရှိနေကြပါတယ်။

မနေ့က ဖြစ်တဲ့ တိုက်ပွဲကြောင့် လွိုင်လင်မြို့နယ် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာမပါတဲ့သူတွေ ရိက္ခာပြန်မယူရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

”ကိုယ့်ရိက္ခာနဲ့ကိုယ်ပေါ့။ကျနော့ရွာထဲက သူငယ်ချင်းတစ်ယောက်ဆို ရိက္ခာမပါသွားဘူး။ အဲ့တာပြန်လာလို့ရမလား။ အခြေအနေဘယ်လိုလဲ။မေးတော့။ အေလာခဲ့လေ။ လောလောဆယ်တော့ရွာမှာဘားမဖြစ်ဘူး။ ဒါပေမယ့်လမ်းတော့အားမ မခံဘူးပြောတော့ သူလည်းမလာရဲဘူး။ ”

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြချိန်မှာ အကြမ်းဖက်စစ်ကောင်စီကနေပြီး ပြည်သူတွေရဲ့ ဆိုင်တွေ ကို ဝင်ရောက်မွှေနှောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

” ရွာသူရွာသားတွေ ထွက်ပြေးပြီဆိုရင် ဒီကွန်နားအောက်ရွာက ရှမ်းရွာဆိုတော့ ဆိုင်တွေရောင်းတယ်။ ရွာသားတွေ ထွက်ပြေးပြီဆိုလို့ရှိရင် သူတို့ ဆိုင်တွေမှန်တွေခွဲပြီးတော့မှ ပစ္စည်း တွေယူတယ်ပေါ့နော။ သူတို့လက်နက်ကြီးပစ်ချတာလည်း အိမ်ကဆယ်လုံးလောက်ပျက်သွားတာပေါ့နော။ ရွာသားတွေက တိုက်ပွဲဖြစ်ပြီဆို အကုန်ထွက်ပြေးသွားပြီလေ။ ဆိုတော့ ဘယ်သူမှမနေရဲတော့ သူတို့ပစ္စည်းတွေ စိတ်ကြိုက်ယူမယ်။ ဆိုင်ထဲရှိတဲ့ ပစ္စည်းတွေ သူတို့ယူမာပဲလေနော။ “

တိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက်ကြောင့် လူနေအိမ်ပျက်စီးတာတွေရှိတဲ့အပြင်၊ နောင်လုံ ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img