spot_img
16.7 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလေပြင်းကြောင့် စာသင်ကျောင်းဆောင် ပျက်စီးသွားတဲ့အတွက် အထက်တန်းအဆင့် သင်ကြားမှုကို ရပ်နားထားရ

လေပြင်းကြောင့် စာသင်ကျောင်းဆောင် ပျက်စီးသွားတဲ့အတွက် အထက်တန်းအဆင့် သင်ကြားမှုကို ရပ်နားထားရ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေသခံတွေနဲ့ စစ်ရှောင်ကျောင်းသူကျောင်းသားတွေ တက်ရောက်နေတဲ့ ကျောင်းတစ်ကျောင်းဟာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး စာသင်ကြားဖို့ နေရာထိုင်ခင်းမရှိတဲ့အတွက် အထက်တန်းအဆင့် သင်ကြားမှုကို ရပ်နားထားလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း အမိုးအလှန်ပျက်စီးသွားခဲ့တာပါ။

“အလယ်တန်း Grade-9 အထိ ဖွင့်ထားတယ်။ အထက်တန်းကိုတော့ မဖွင့်နိုင်တော့ဘူး။ ဆရာမတွေ မလုံလောက်တာရယ်၊ တစ်ခြားအခက်အခဲကြောင့်ရယ်ပေါ့၊ ဘယ်ဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ လေပြင်းတိုက်ခတ်တာကြောင့် ကျောင်းအမိုး လှန်ပျက်စီးသွားတယ်လေး၊ အထက်တန်းကို သင်ခဲ့တဲ့နေရာမှာပေါ့၊ အခု နေရာလည်း မရှိတော့ဘူးပေါ့၊ ပြီးတော့ အခြေအနေ မကောင်းတာကြောင့် စာသင်တဲ့နေရာတွေကို နေရာရှာပြီး သင်နေရတော့ အခက်အခဲရှိတယ်။” လို့ဆရာမ တစ်ဦးက ပြောပါတယ်။

အဆိုပါ ကျောင်းဟာ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှ အာရုံဦးကျောင်းဖြစ်ပြီး ဆရာ/မ ၁၆ ဦးနဲ့ ဦးဆောင်သင်ကြားကာ ကျောင်းသူ/သား ၁၇၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေမှာတော့ အထက်တန်းကျောင်း ၈ ကျောင်းအထိရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ