KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်၊ (ကြာသပတေးနေ့)
– အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို SCEF ပြင်းထန်စွာ ကန့်ကွက်လိုက်တဲ့သတင်း၊
– ကျောင်းသားတွေအကြား စည်းလုံးမှု၊ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပခဲ့တဲ့အကြောင်းအပါအဝင်
ကန္တာရဝတီတိုင်း (မ်) ရဲ့နောက်ဆုံးရသတင်းတွေ၊ မိုးလေဝသ သတင်းနဲ့ ဒေသတွင်းသတင်းတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက် “အခြေခံပညာရေးလမ်းကြောင်းအလွန်က လူငယ်တွေရဲ့ အသံ” ဆိုတဲ့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို နားဆင်ရမှာဖြစ်သလို၊ “ကျောင်းသားတွေမှာလည်း ပညာရေးတစ်ခုကို အသိမှတ်ပြုနိုင်တဲ့ အာဏာရှိတယ်”ဆိုတဲ့ဆောင်းပါးကို ဆက်လက်ထုတ်လွှင့်တင်ဆက်ပေးပါမယ်
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





