spot_img
Homeသတင်းအာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆုံးသူ (၃၆၈၈)ဦးရှိ

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆုံးသူ (၃၆၈၈)ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၈၇၂) ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူ (၃၆၈၈)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ (၂၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၂၃၄၁၀) ဦးရှိပြီး အဲဒီအထဲမှ (၁၉၀၆၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် (၆၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတာဖြစ်တယ်လို့ (AAPP) က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၄)ဦးရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် မေလ ( ၃၁ ) ရက်နေ့အထိ အရပ်သားပြည်သူ သေဆုံးသူ (၃၂၆ ) ဦး ရှိပြီး ဖမ်းဆီးခံရသူ (၁၉၀)ဦးရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ