spot_img
30.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုနဲ့ ဖရူဆိုစစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါအဖြစ်များနေ

ဒီးမော့ဆိုနဲ့ ဖရူဆိုစစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါအဖြစ်များနေ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးကြောင့် ကလေးငယ်အပါအဝင် သက်ကြီးပိုင်းတွေမှာ ဖျားနာမှုတွေရှိနေကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ဆရာမတစ်ဦးထံကနေ သိရပါတယ်။

“ခြင်ကြောင့် ဖြစ်တာ ငှက်ဖျားရယ်၊ တုပ်ကွေးပေါ့၊ အခုတော့ ဖြစ်နေတာက တုပ်ကွေးပေါ့။ မိုးကျခါစမလို့ ခြင်ပေါက်လာပြီးတော့ ခြင်ကနေတစ်ဆင့်တုပ်ကွေးဖြစ်တာ၊ ဒါပေမယ့် လူကြီးက ပိုဖြစ်များတယ်။ ဝမ်းပျက်ဝမ်းလျောလည်း ဖြစ်ကြတယ်”လို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သာယာကုန်း စစ်ဘေးရှောင်စခန်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ စစ်ဘေးရှောင်ကာလကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရပြီး စားမဝင်၊ အိပ်မပျော်ခြင်းတွေဖြစ်နေကြတဲ့အပြင် ရာသီတုပ်ကွေးကြောင့် နှာစေး၊ ချောင်းဆိုး၊ အဖျားတက်တဲ့ လက္ခဏာတွေ အဖြစ်များနေကြပြီး ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်အတွင်းမှာတော့ သွေးတိုးရောဂါများတယ်၊ အသက်ငယ်ငယ်နဲ့ သွေးတိုးတာရှိတယ်” လို့ ဖရူဆိုမြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာမ တစ်ဦးကလည်း ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်အများစုဟာလည်း ယခုလ အတွင်း ပိုမိုဖျားနာမှုတွေ ရှိနေပြီး နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေးအပြင် အမျိုးသမီးအချို့ မှာလည်း သွေးတိုးရောဂါ အဖြစ်များနေကြတယ်လို့ ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ