spot_img
21.9 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်း တွေကို စစ်ကိုင်းတိုင်းမှာ သိမ်းဆည်းရမိ

လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်း တွေကို စစ်ကိုင်းတိုင်းမှာ သိမ်းဆည်းရမိ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဩဂုတ်လ(၉)ရက်က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မှာ လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး (ကြည်း-၂၇၉၇၂) ရဲ့ တပ်သုံးပစ္စည်းတွေနဲ့ အိမ်ထောင်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ (ဩဂုတ်လ (၂၈) ရက်) နေ့ ခခမှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)ကနေပြီး ထီးချိုင့်မြို့နယ်မှာ ကုန်ကား တွေကို စစ်ဆေးနေစဥ် ယာဥ်အမှတ် 6B/54571 ကနေ သိမ်းဆည်းမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လွိုင်ကော်ကနေ တနိုင်းကို တပ်ပြောင်းရွှေ့ လာတဲ့ ဗိုလ်မှူးချုပ် မြတ်မင်းမိုး ဟာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)ရဲ့ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ်ကနေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)ကို ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ် ရွှေ့ပြောင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ စစ်ယူနီဖောင်း အစုံ (၇၀)၊ 5.56 ကျည် (၄၆၅) တောင့် ၊ လက်ပစ်ဗုံး (၅) လုံး ၊ ၁၂ ဘီးကား (၁) စီး၊ Fax စာပို့စက် (၁) လုံး၊ Jammer (၂)လုံး၊ TYT ဆက်သွယ်ရေးစက် (၄) လုံး၊ PC Computer (၂) လုံး စတာတွေအပြင် ဆုတံဆိပ်တွေ နဲ့ တခြားသောပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ