spot_img
15.1 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကျောင်းပြင်ပရောက် လူငယ်တွေကို စုပြီး အသက်မွေးဝမ်းကြောင်း နဲ့ အနုပညာဆိုင်ရာ သင်တန်းတွေပို့ချ

ကျောင်းပြင်ပရောက် လူငယ်တွေကို စုပြီး အသက်မွေးဝမ်းကြောင်း နဲ့ အနုပညာဆိုင်ရာ သင်တန်းတွေပို့ချ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ကျောင်းဆက်မတက်တဲ့ လူငယ်တွေကို Karenni Community Youth (KnCY )အဖွဲ့ က ခေါ်စုပြီး အဲ့ဒီလူငယ်တွေကို အသက်မွေးဝမ်းကြောင်း နဲ့ အနုပညာဆိုင်ရာသင်တန်းတွေကို ပို့ချပေးလျက်ရှိနေတယ်လို့ KnCYမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးဖရေရယ် ( ဖိလိ) က ပြောပါတယ်။

“ တစ်ခါတစ်လေကျရင် အခြား အဖွဲ့အစည်း NGO, CBOs တို့ သင်တန်းလာပေးတွေရှိတယ်။ တစ်ချို့ အဖွဲ့တွေက အမေရိကန်က အဖွဲ့တို့ဆိုရင် သူတို့ကို စီးပွားရေး သင်တန်းလာပေးတာ သူတို့ ကျောင်းမတက်တော့တာ သူတို့ အတွက် ပြန်လည်အသုံးချနိုင်အောင် စီးပွားရေးစိတ်ပါတဲ့သူဆိုရင် စီပွားရေးသင်တန်းလာပေးတာ အချို့ရှိတယ်။ စိုက်ပျိုးရေးစိတ်ဝင်စားတဲ့သူရှိရင် စိုက်ပျိုးရေးသင်တန်းပေးတာတွေရှိတယ်။ သူတို့ ထိုင်းစကားတတ်ချင်တယ်ဆိုရင် ကျနော်တို့ထိုင်းတွေကို ခေါ်လာပေးတယ် ၆ လတစ်ခါ ၃ လတစ်ခါပေါ့နော်။ speaking ပဲသင်တယ် writing မပါဘူးပေါ့နော် စကားပိုင်းပဲ သင်တာပေါ့နော်။ ပြီးတော့ Leadership Traning လည်း ရှိတယ် Computer ပိုင်းမှာလဲ သင်တာရှိတယ်။” လို သူကပြောပါတယ်။

အဆိုပါ Karenni Community Youth ( KnCY ) က စုပြီး သင်တန်းတွေပေးထားတဲ့ ကျောင်းပြင်ပရောက် လူငယ် ၇၄ ဦး ရှိပြီး အဲ့မှာ အသက် ၁၆နှစ် ကနေ ၂၄ နှစ် အထိ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။

“သူတို့တွေက အရင်ကဆိုလဲ ကွန်ပျူတာသင်တန်းတွေလည်းရှိတော့ တစ်ချို့ဆိုရင် Youtube ရိုက်တယ် ဗီဒီယိုတွေရိုက်ပြီး ပြန်အက်ဒစ်လုပ်တာတွေရှိတယ်။ သူတို့တွေက သင်တန်းတွေတက်တော့ သိလာတာလည်း ရှိတယ်။ စီးပွားရေးဝါသနာပါတဲ့သူက ဆိုင်ရောင်းတာတွေရှိတယ် တစ်ချို့ဆိုရင် သင်တန်းတွေတက်ပြီး ရုံး၊ အဖွဲ့အစည်းတွေမှာဝင်လုပ်တာတွေရှိတယ်။” လို့ ခူးဖရေရယ် ( ဖိလိ) က ဆက်ပြောပါတယ်။

KnCY မှာ သင်တန်းတက်ရောက်ခဲ့ပြီး လူငယ်တွေနဲ့တွေ့ဆုံရတာ ပျော်ရွင်သလို သင်တန်းကနေ ပို့ချပေးတဲ့အရာတွေကိုလည်း လက်တွေ့ပြန်အသုံးချခဲ့တယ်လို့ လူငယ်တစ်ဦးဖြစ်တဲ့ ခူးညေးရယ်က ပြောပါတယ်။

“ကျနော်က အိမ်မှာဆိုတစ်ယောက်တည်းပဲနေတယ်ပေါ့နော်။ အစက ကျနော် KnCY လူငယ် ကိုတော့ မသိဘူးပေါ့နော်။ ဆရာဖရေရယ် တို့လူငယ် ရှိတယ်ဆိုတာ ကြားလိုက်ရတော့ ကျနော် ဒီလိုလာတာပေါ့။ လူငယ်တွေနဲ့ ပူးပေါင်းရတာပျော်ပါတယ် သင်တန်းပေးတာအများကြီးရှိတယ် ကွန်ပျူတာသင်တန်းတို့၊ ဂီတာ သင်တန်းတို့ ရရှိတာပေါ့နော်။ ကျနော် ပြန်အသုံးချတာတော့ အစတော့ မသိဘူးပေါ့နော် ဒီသင်တန်းတွေတက်ပြီး ပြန်အသုံးချတယ်ပေါ့နော်။ ကွန်ပျူတာ ပစ္စည်းတွေ မရှိဘူးဆိုလို့ရှိရင် သူများဆီ သွားငှားပြီး တစ်ဖြေးဖြေးလေ့ကျင်ရင်း တတ်သွားတာပေါ့ သင်တန်းလာပေးချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ကို လာပေးလိုပါတယ် ကျနော်တို့ ရှေ့ဆက် သိရှိလာဖို့ပေါ့” လို့ ခူးညေးရယ်က ပြောပါတယ်။

Karenni Community Youth (KnCY) ကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၆လပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကျောင်းဆက်လက်မတက်တဲ့ ကျောင်းပြင်ပရောက် လူငယ်တွေကို လိုက်လံခေါ်စုပြီး ပညာတွေကို ပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ