spot_img
19.8 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြို့ ၂ မြိုု့ ထပ်မံတိုးချဲ့ သတ်မှတ်လိုက်သည့် ကယားပြည်နယ်

မြို့ ၂ မြိုု့ ထပ်မံတိုးချဲ့ သတ်မှတ်လိုက်သည့် ကယားပြည်နယ်

-

မူအက်စတာ

 ကယားပြည်နယ်ရှိ ကျေးရွာအုပ်စု ၂ ခုကို မြို့အဖြစ်   ​ဖေ​ဖော်​ဝါရီလ ၁၂ရက်​​နေ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်သည်။ ထပ်မံတိုးချဲ့လိုက်သည့်မြို့မှာ နန်းမယ်ခုံမြို့နှင့် လွိုင်လင်လေးမြို့တို့ ဖြစ်သည်။

၎င်းတို့ကို ကျေးရွာအုပ်စုမှ မြို့အဖြစ်သို့ပြောင်းရန် မြို့အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာဖွဲ့စည်းတည်ထောင်နိုင်ရန် ပြည်နယ်အစိုးရမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။

ဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

နန်းမယ်ခုံမြို့တွင် မြို့မကယန်း၊ မြို့မရှမ်း၊ ခေါ်ခုကယား၊ ခေါ်ခုရှမ်းစသည့် ရပ်ကွက်(၄)ခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း အိမ်ခြေ (၄၃၁)၊ အိမ်ထောင်စု(၄၃၁)စု၊ လူဦးရေ(၂၂၈၇)ဦးနေထိုင်နေကြောင်း သိရသည်။

လွိုင်လင်လေးမြို့တွင် အောင်တေဇ၊ အောင်သိနိ္ဒ၊ အောင်မင်္ဂလာစသည့် ရပ်ကွက် (၃)ခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း အိမ်ခြေ(၆၅၅)၊ အိမ်ထောင်စု(၆၉၅)စု၊ လူဦးရေ(၃၇၁၂)ဦး နေထိုင်ကြောင်း သိရသည်။ ယခုသတ်မှတ်လိုက်သော မြို့ ၂ မြို့အပါအဝင် ကယားပြည်နယ်တွင် မြို့နယ်(၇)မြို့နယ်နှင့် မြို့(၃)မြို့ ရှိသွားပြီဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ