spot_img
22.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်အတွင်း လူထုတွေအနေနဲ့ လုံခြုံရေးအရ သတိနဲ့ သွားလာဖို့ တော်လှန်ရေးတပ်ဖွဲ့က သတိပေး

ဖရူဆိုမြို့နယ်အတွင်း လူထုတွေအနေနဲ့ လုံခြုံရေးအရ သတိနဲ့ သွားလာဖို့ တော်လှန်ရေးတပ်ဖွဲ့က သတိပေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက် တပ်စခန်းတွေကနေ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိနေတာကြောင့် လုံခြုံရေးအရ လူထုတွေ သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ဖရူဆိုကနေ ဒီးမော့ဆိုဘက်ကို ဦးတည် စစ်ကြောင်း ပြန်ထိုးလာနိုင်ချေများတယ်ပေါ့၊ ခုလောလောဆယ်မှာလည်း ၅၃၁၊ ထီးကလူဒေါကြားနဲ့ ထီးကလူဒေါရွာထဲမှာလည်း လှုပ်ရှားမှု တော်တော်တွေ့ရတယ်၊ ” သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ခမရ ၅၃၁၊ ခလရ ၄၂၈ တပ်စခန်းတွေကို လေကြောင်းကနေ လက်နက်၊ ရိက္ခာတွေပို့ဆောင်ထားပါတယ်။

ဒါ့အပြင် ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖရူဆိုမြို့နယ်နဲ့ နီးစပ်တဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ