spot_img
19.6 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းနိုင်ငံတဝန်း မုဒိမ်းဖြစ်ပွားမှု အနည်းဆုံးအဖြစ် ကယားပြည်နယ်ရပ်တည်

နိုင်ငံတဝန်း မုဒိမ်းဖြစ်ပွားမှု အနည်းဆုံးအဖြစ် ကယားပြည်နယ်ရပ်တည်

-

လင်းသန့်

၂ နှစ်အတွင်း တိုင်းနှင့် ပြည်နယ်များအနက် ကယားပြည်နယ်သည် မုဒိမ်းဖြစ်ပွားမှု အရေအတွက် အနည်းဆုံး ပြည်နယ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဒေသများအနက် ကယားပြည်နယ်သည် မုဒိမ်းမှု ၁၄ မှုဖြင့် ဖြစ်ပွားမှု အနည်းဆုံနေရာ၌ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသည် မုဒိမ်းမှု စုစုပေါင်း ၄၉၉ မှုဖြင့် အရေအတွက် အများဆုံးရပ်တည်နေသည်။

ကယားပြည်နယ်၏ မုဒိမ်းမှု အရေအတွက်သည် ရန်ကုန်တိုင်းဒေသကြီး၏ မုဒိမ်းမှုဖြစ်ပွားခဲ့မှုစုစုပေါင်း၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။

ယင်းအချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနက ၎င်း၏ facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယနေ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁ရ ခုနှစ် ၂ နှစ်အတွင်း ကယားပြည်နယ်၌ သက်ငယ်မုဒိမ်းမှု ၈ မှုနှင့် အသက် ၁၆ နှစ်အထက် မုဒိမ်းမှု ၆ မှု ဖြစ်ပွားသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁ရ ခုနှစ် ၂ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း မုဒိမ်းမှုစုစုပေါင်း ၂၅၀၅ မှု ဖြစ်ပွားခဲ့သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ