spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)သတင်းစစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို ဒီကနေ့ စတင်ကြေညာမည်

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို ဒီကနေ့ စတင်ကြေညာမည်

-

ကန္တာရဝတီတိုင်း (မ်)

လာမယ့် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ကစလို့ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စု အသီးသီးမှာ ကြေညာစာကပ် ထားမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၂၉ ရက်နေ့မှာ‌ ကြေညာပါတယ်။

ဒီကနေ့ကစပြီး အောက်တိုဘာ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၁၄ ရက်ကြာ မဲစာရင်း ကြေညာ‌ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် အိမ်ထောင်စုတစ်ခုမှာ အနည်းဆုံး တစ်ဦး မပျက်မကွက် မဲစာရင်းလာရောက်ကြည့်ရှုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မဲဆန္ဒရှင်တွေက အမည်မပါဝင်ပါက အမည်ထည့်သွင်းဖို့တောင်းဆိုစေပြီး၊ မပါဝင်သင့်သူတွေပါနေပါက ကန့်ကွက်တာ၊ မဲစာရင်းအချက်အလက်မှားယွင်းနေပါက ပြင်ဆင်လွှာ တင်သွင်းတာတွေကို ဆောင်ရွက်ဖို့ကိုလည်း UEC ကတိုက်တွန်းထားပါတယ်။

မဲဆန္ဒနယ်အဖြစ် ကြေညာမထားတဲ့ ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေတွေမှာတော့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး
တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ‌ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တော်လှန်ရေးတွေက သူ့တို့ကို ဆန့်ကျင်တယ်။ ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေမဲ့ အရာဖြစ်တဲ့အတွက်ကြောင့် ‌တော်လှန်ရေးပုဂ္ဂိုလ်တွေကို မနိုင်ဘူးဆိုရင် ပြည်သူတွေကို ချမှာပဲ။ရွေးကောက်ပွဲ လုပ်မယ့် နေရာမှာတော့ အေးအေးချမ်းချမ်းရှိနေတာတွေ့ရတယ်။ ဘာဖြစ်လဲဆို မဲပေးမယ့် ပုဂ္ဂိုလ်က သူတို့နယ်မြေမှာရှိနေတော့ အထိအခိုက် အဟန့်အတားမဖြစ်အောင်တော့ သူတို့က ကာကွယ်ပေးမှာပဲ”လို့ သူက ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ ပထမအသုတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတင်သွင်းမှုတွေကို UEC က စိစစ်နေပြီဖြစ်ပြီး ကိုယ်စားလှယ်လောင်းထပ်တိုးလာတာကြောင့် စုစုပေါင်း ၅၀၂၃ ဦးအထိရှိလာပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ