spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Home၂၀၂၅ ရွေးကောက်ပွဲအဆိုတော် အောင်ထက် အပါအဝင် ဂီတတေးသံရှင်တွေ ရွေးကောက်ပွဲ စည်းရုံးရေးမဲဆွယ်မှု ပြုလုပ်ရ

အဆိုတော် အောင်ထက် အပါအဝင် ဂီတတေးသံရှင်တွေ ရွေးကောက်ပွဲ စည်းရုံးရေးမဲဆွယ်မှု ပြုလုပ်ရ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ဖွား‌ တေးသံရှင် ‌အောင်ထက် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဂီတတေးသံရှင်တွေက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဥ်ကနေတဆင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လှုံ့ဆော်ရေး အသိပညာပေးနှိုးဆော်မှုအစီအစဥ်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း MRTV က ထုတ်လွှင့်ထားပါတယ်။

အဲ့ဒီအစီအစဥ်မှာ တေးသံရှင် အောင်ထက်၊ နီနီခင်ဇော်၊ မိစန္ဒီ၊ အောင်လ၊ ဟန်နေတာ၊ မေလသံစဥ်၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ ဖြိုးမြတ်အောင်၊ အေးမြဖြူ၊ ချမ်းမြေ့မောင်ချို၊ အိမ့်ချစ် နဲ့ လိမ္မော်သီး တို့က ပါဝင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

“အောင်ထက်ဆိုတာ ကိုယ့်ပြည်နယ်က တက်လာတဲ့ ရှားရှားပါးပါးအဆိုတော်ဖြစ်တယ်ဆိုတော့ ဂုဏ်လည်းယူခဲ့တာ။ ဒါပေမဲ့လည်း ခေတ်ကာလတစ်ခုမှ ခံယူချက်ချင်းမတူကြတော့လည်း မတတ်နိုင်ဘူးပေါ့လေး။ ဒါကလည်း သမိုင်းမှာသူ့နာမည်သူထွင်းခဲ့တဲ့ ပုံစံတစ်ခုလိုပဲဖြစ်နေမှာပေါ့” လို့ ‌ရွေးကောက်ပွဲစည်းရုံးရေးမှု ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေအပေါ် ဒီးမော့ဆိုမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲဖြစ်မြောက်ရေး လှုံဆော်မှုမှာ မပါဝင်တဲ့ အနုပညာရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ပြီးနောက် အခုလို အနုပညာရှင်တွေက စည်းရုံးလှုံ့ဆော်ရေးမှာ ပြန်ပါဝင်လာတာဖြစ်ပါတယ်။

ပြည်သူလူထုတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံ‌တော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းလည်း စစ်ကော်မရှင်ပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဥ်တွေ၊ ဝါဒဖြန့် ချန်နယ်တွေမှာ ကြေညာလျက်ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ “အမည်ရတဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ဝါဒဖြန့် ဗီဒီယိုဇတ်လမ်းတိုကို သရုပ်ဆောင် နေတိုး၊ မြင့်မြတ် ၊ အေးချမ်းမောင် ၊ နေဝင်း ၊ မေမြင့်မိုရ် ၊ ခြူးလေး အပါအဝင် အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီ ဝါဒဖြန့်ဇတ်လမ်းတို ကို ထုတ်လွှင့်ပြသခဲ့ပြီးနောက် ပြည်သူလူထုတွေက ပါဝင်သရုပ်ဆောင်ကြသူတွေကို ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ