KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၆ ) ရက်၊ (တနင်္လာနေ့)
– ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကော်မရှင်ဆို ၊ မြေပြင်မှာ နှစ်ဖက်ထိတွေ့မှု ပြင်းထန်နေဆဲ
– တော်လှန်ရေးခရီး နောက်တဆင့်တက်ရောက်နိုင်ဖို့ ၂၀၂၁ ကလို တစုတစည်းတည်း သွားဖို့လိုကြောင်း KNDF စစ်ရေးချုပ်ပြော
– စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းဖဲစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထိမှန်သေဆုံး
ဒီသတင်းတွေနဲ့အတူ “အသားအရေပေါ် ရိုက်ခတ်လာတဲ့ “စစ်”ရဲ့ ဆိုးမွေတွေထဲက တခု”ဆိုတဲ့အကြောင်း နားဆင်ကြရမှာပါ။ အဲဒီနောက် “အမျိုးသမီးအစီအစဉ်”ကနေ “လက်ဝှေ့လောကထဲ ပြန်လည်အခြေချလာတဲ့ ကယန်းတိုင်းရင်းသူ အန်တိုနီယာ ( ခေါ် ) တိုတိုနဲ့ တွေ့ဆုံမေးမြန်းခြင်း”ကို နားဆင်ကြရမှာဖြစ်သလို ကုန်ဈေးသတင်းကိုလည်း တင်ဆက်ထုတ်လွှင့်ပေးသွားပါမယ်ရှ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်



