HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်၊ (ကြာသပတေးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်၊ (ကြာသပတေးနေ့)
– ဒီးမော့ဆိုမြို့နယ်က မူကြိုကျောင်းတကျောင်းမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး အကူအညီတောင်းခံထားတဲ့အကြောင်း၊
– မိုးနည်းတာကြောင့် စစ်ဘေးရှောင်တွေ တပိုင်တနိုင် စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ ပိုးကျနေတဲ့သတင်း၊
– ကရင်နီမှာ ငှက်ဖျား၊ တုပ်ကွေးရောဂါ လျှော့ချရေး ကာကွယ်ကုသမှုများ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်လို့ IEC ပြောတဲ့သတင်း၊
– UKSY နဲ့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လွိုင်နန်းဖ နဲ့ ဒီးဘောင်းခူမြို့နယ်မှာ အုပ်ချုပ်ရေးသင်တန်း ၃ ကြိမ် ပြုလုပ်ခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေနဲ့ နေ့စဉ်မိုးလေဝသ အခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။ အဲဒီနောက် အင်တာဗျူးအစီအစဉ်ကနေပြီး “ကရင်နီပြည်မှာ လူထုဘေးကင်းရေးအတွက် အသိပညာမျှဝေနေတဲ့ Kindly Hand အဖွဲ့အကြောင်းနဲ့ပတ်သက်လို့ Kindly Hand အဖွဲ့တာဝန်ခံနဲ့ တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်ရှင့်.…..

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ