KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၃၁) ရက်၊ ၂၀၂၆ ခုနှစ်(သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရင်နီဒုက္ခသည်လူငယ် ၆၉ ဦး အလုပ်လုပ်ကိုင်ခွင့်ရ
– UKSY နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လွိုင်နန်းဖ နဲ့ ဒီးဘောင်းခူမြို့နယ်မှာ အုပ်ချုပ်ရေးသင်တန်း ၃ ကြိမ် ပြုလုပ်ခဲ့
– မိုးနည်းတာကြောင့် စစ်ဘေးရှောင်တွေ တပိုင်တနိုင် စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ ပိုးကျ
– ဒီးမော့ဆိုမြို့နယ်ရှိ မူကြိုကျောင်းတကျောင်းမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေပြီး အကူအညီတောင်းခံ ဆိုတဲ့ သတင်းနဲ့အတူ ” ကြက်ဥကို ကရင်နီပြည်နယ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ လိုအပ်နေ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေးဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ရး၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




