spot_img
Homeသတင်းဖရူဆိုမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်က ရွာထဲထိရောက်လာ၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ထား

ဖရူဆိုမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်က ရွာထဲထိရောက်လာ၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ထား

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတနေရာကို အာဏာသိမ်းစစ်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့အဆိုအရ စစ်ကြောင်းကို သတိမထားမိဘဲ ရုတ်တရက်ရောက်ရှိလာတာဖြစ်ပြီး စစ်ကြောင်းရဲ့ အနီးကပ် လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“လက်နက်ငယ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာ။ သူ့ရဲ့ လက်၊ ပုခုံးနား ဖြောင်ဝင်သွားတာပေါ့နော်။”လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ ကျေးရွာအပါအဝင် အနီးအနား ကျေးရွာ ၄ ရွာက လူထုတွေတွေက ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။ ခန့်မှန်းချေ လူဦးရေ ၄၀၀ ဝန်းကျင် တိမ်းရှောင်နေကြရတာပါ။

မိုးရာသီကာလဖြစ်တာကြောင့် တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဩဂုတ်လအတွင်း ဖရူဆိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး လူထုရှိရာကို ဒရုန်းနဲ့ဗုံးကြဲမှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ