spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၂  ) ရက်၊  (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၂  ) ရက်၊  (အင်္ဂါနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၂  ) ရက်၊  (အင်္ဂါနေ့)
– ကရင်နီမှာ အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၁၆ နှစ်အောက် ကလေး ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံး
– IEC ရဲ့ အခြေခံပညာရေး ဌာနခွဲအတွက် ညွှန်ကြားရေးမှူး ခေါ်ယူ
– အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲမှာ ကရင်နီက ပါဝင်ယှဉ်ပြိုင်
– ဝါရီဆူးပလိုင်မှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦး သေဆုံး
– လုံခြုံရေးစိုးရိမ်မှုကြားက တောင်သူတချို့ စပါးပြန်ရိတ်သိမ်း
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသအခြေအနေ၊ လူငယ်အစီအစဉ် ‘အဲဒိုပေါ်မီနဲ့ မျိုးဆက်သစ်တို့ကြားက ရိုးရာအမွေအနှစ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရိုးရာယဉ်ကျေးမှုတွေ ဘယ်လိုမျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို လက်ဆင့်ကမ်းသွားကြသလဲ၊ ဒီနေ့ခေတ် မျိုးဆက်သစ်တွေအနေနဲ့ အဲဒီအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းပြီး ဆက်လက်ရှင်သန်အောင် လုပ်ဆောင်နိုင်မလဲဆိုတာတွေကို ဆရာခူးသဲရယ်နဲ့ အတူတူဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ