spot_img
Homeသတင်းလွိုင်ကော်ပြည်သူ့ဆေးရုံမှာ စိတ်ကျန်းမာရေးအထူးကု လိုကြောင်း စစ်အစိုးရ အမျိုးသားလွှတ်တော်မှာ တင်ပြ

လွိုင်ကော်ပြည်သူ့ဆေးရုံမှာ စိတ်ကျန်းမာရေးအထူးကု လိုကြောင်း စစ်အစိုးရ အမျိုးသားလွှတ်တော်မှာ တင်ပြ

-

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဒေါ်နော်ဖလောရင့်က လွိုင်ကော်မြို့ရှိ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှာ စိတ်ကျန်းမာရေးအထူးကုလိုအပ်ကြောင်း တင်ပြတောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး မှာ တင်ပြတောင်းဆိုခဲ့တယ်လို့ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဒေါ်နော်ဖလောရင့်က ပြည်သူ့ဆေးရုံကြီးမှာ စိတ်ကျန်းမာရေးအထူးကုဆရာဝန် နဲ့ ကျောက်ကပ်ရောဂါ အထူးကုဆရာဝန် တို့ကို ခန့်အပ်ပေးဖို့ အစီအစဥ်ရှိ၊ မရှိ တင်ပြတောင်းဆိုခဲ့တယ်လို့ ပြောထားပါတယ်။

အဲဒီတောင်းဆိုမှု မေးခွန်းကို စစ်အစိုးရလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ထွန်းက လွိုင်ကော် ပြည်သူ့ဆေးရုံမှာ သမားတော်နှစ်ဦးက ဆေးပညာမဟာသိပ္ပံ၊ အထွေထွေသမားတော် ၃ နှစ် သင်တန်းမှာ စိတ်ကျန်းမာရေး၊ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဦးနှောက် နဲ့ အာရုံကြောရောဂါတွေအတွက် သင်တန်းပေးထားပြီးသားဖြစ်တယ်လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ဒါ့ကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ သမားတော်နှစ်ဦးက ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကုသပေးလျက်ရှိနေတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့မှာ ၂၀၂၃ခုနှစ် တစ်လေးလုံး စစ်ဆင်ရေးပြီးတဲ့နောက် တစ်နှစ်အကြာမှာ လူထုတွေပြန်လည်နေထိုင်ကြသလို ကျောင်း၊ ဆေးရုံ အဆောက်အဦးတွေကိုလည်း စစ်အစိုးရက ပြန်လည် ဖွင့်လှစ်ထားပါတယ်။

မြို့ခံတွေရဲ့ ပြောကြားချက်အရ လွိုင်ကော်မြို့ပေါ်မှာ စစ်အစိုးရယန္တရားတွေ လည်ပတ်နေပြီး မြို့ထဲ ပြန်လည်နေထိုင်သူတွေလည်း များလာတယ်လို့ ဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးအပါအဝင် အထူးကု ဆရာဝန် ၁၅ ဦး၊ လက်ထောက်ဆရာဝန် ၅ ဦး နဲ့ ကျန်းမာရေး ဝန်ထမ်း ၁၆၅ ဦး၊ သမားတော် ၂ ဦး တို့ တာဝန်ထမ်းဆောင်နေကြတယ်လို့လည်း စစ်အစိုးရ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ