KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၉ ) ရက်၊ (တနင်္လာနေ့)
– ဒီးမော့ဆို(ရှေ့)မြို့နယ်က စာသင်ကျောင်းတကျောင်း နွေရာသီရေအတွက် ရေလှောင်ကန်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ
– ဒီးမော့ဆိုအနောက်ခြမ်းမှာ အခြေခံဆေးဝါးတချို့နဲ့ Royal-D ဓာတ်ဆားမှုန့် ပြတ်လပ်နေ
– ဒီးမော့ဆို(ရှေ့)မြို့နယ် တနေရာမှာ စာသင်ဆောင်မလုံလောက်လို့ တခန်းထဲ အတန်း ၂ တန်းပေါင်းပြီး သင်ကြားနေရ
စတဲ့ ကန္တာရဝတီတိုင်း (မ်) ရဲ့ နောက်ဆုံးရသတင်းတွေနဲ့ နေ့စဉ်မိုးလေဝသသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
သတင်းအစီအစဉ်အပြီးမှာတော့ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးနေတဲ့ “အမျိုးသမီးအစီအစဉ်” ကို ဆက်လက်နားဆင်ကြရမှာပါ။ ဒီတစ်ပတ်မှာတော့ “ကျောင်းဆရာမတစ်ယောက်ရဲ့ စာသင်ခန်းပြင်ပက အိပ်မက်နဲ့ ဝါသနာ” ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် “ကုန်ဈေးသတင်း” ကိုလည်း ဆက်လက်တင်ဆက်ပေးသွားဦးမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





