spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၆ ) ရက်၊  (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၆ ) ရက်၊  (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၆ ) ရက်၊  (တနင်္လာနေ့)
– မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် စစ်ရှောင်တွေရဲ့ စပါးခင်းနဲ့ စိုက်ခင်းတွေ ပျက်စီး
– အပင်ခြောက်သွေ့ပြီး ပိုးကျရောက်မှုကြောင့် နနွင်းအထွက်နှုန်းကျဆင်း
စတဲ့ ကန္တာရဝတီတိုင်း (မ်) ရဲ့နောက်ဆုံးရသတင်းတွေနဲ့အတူ နန်းမယ်ခုံမြို့နယ်မှာ ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုရှိနေသလဲ၊ ဒီနေ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေကရော ဘယ်လိုအခြေအနေရှိသလဲဆိုတာကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတွေကို စာသင်ကြားပေးရင်း အခွင့်အရေးတစ်ခုကနေ ကိုယ်ဝါသနာပါတဲ့ အနုပညာကို ချပြခွင့်ရခဲ့ပြီး အခုဆိုရင် ခွန်အားပေးသီချင်းတစ်ပုဒ်ကို ထွက်ရှိထားတဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းကိုလည်း ဒီည အမျိုးသမီးအစီအစဉ်မှာ နားဆင်ကြရမှာပါ။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီ နယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း ဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ