spot_img
15.2 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeကဗျာသစ်ပင်များ စိုက်ထားကြပါစို့

သစ်ပင်များ စိုက်ထားကြပါစို့

-

တို့လူသားများ သိထားကြပါ

ကမ္ဘာကြီးမှာ ပူလာပြီလေ

တောတွေပျက်စီး သစ်ပင်ကြီးခုတ်

စီးပွားလုပ်စား လူသားလောဘ

အတ္တကြီးလို့ တို့ကမ္ဘာမှာ

အိုဇုန်းလွှာပေါက် နှောက်နှစ်ငါးဆယ်

ပျက်စီးမယ်ဟေ့ သိပ္ပံပညာ

ပြောထားကြလို့ တို့နိုင်ငံသား

တားပါသစ်ခုတ် မင်းလုပ်ပုဂ္ဂိုလ်

ပိုအရေးကြီး တောမီးအန္တရယ်

ကာကွယ်နိုင်ဖို့ တို့လူကြီးဟာ

ပညာပေးမှ သိရကောင်းဆိုး

တောရွှာမျိုးက နောင်တရလာ

ကမ္ဘာကောင်းဖို့ စိုက်စို့သစ်ပင်

စဉ်လာမပျက် ဆောင်ရွက်ရမည်။

လောင်စာဆီလေး ပေါင်းသတ်ဆေးနှင့်

စက်ရုံများမှာ ထွက်လာခိုးများ

တားဆီးလျှော့ချ လုပ်ကြဖို့လို

အိုဇုန်းလွှာထိ စဉ်းစားကြည့်လေ

နေပူဒဏ်တိုး ဖြစ်ဆိုးကြုံပြန်

သယံဇာတ ကုန်ကြမနည်း

လူတိုင်းလည်းသိ နိုင်ငံချစ်ရင်

အမြင်မှန်ရှာ ကမ္ဘာကြီးဟာ

သာယာစေဖို့ တို့ရဲ့လူသား

သစ်ပင်များများ စိုက်ထားကြပါစို့

ငြိမ်းချမ်းလာပြည့် ၊ ကယန်း

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ