spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7060 POSTS
0 COMMENTS

ဦးခင်မောင်ဦး(ခ)ဘူးရယ် က KySDP ကနေ နုတ်ထွက်ထားသူဟုကြေညာချက်ထုတ်ပြန်

မြန်မာ့တပ်မတော်က အာဏာသိမ်းပြီး ဒုတိယနေ့မှာ ကယားပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ ဦးခင်မောင်ဦး(ခ) ဘူးရယ်ဟာဆိုရင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPကနေ နုတ်ထွက်ထားပြီးသူဖြစ်ကြောင်း ပါတီကထုတ်ပြန်လိုက်ပါတယ်။ တပ်မတော် အနေနဲ့ အာဏာသိမ်းပြီး နောက် တစ်ရက်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပုဒ်မ...

နေပြည်တော်ကို သွားရောက်ခဲ့တဲ့ KySDP ကိုယ်စားလှယ်ငါးဦး နေရပ်ကို ပြန်လည်ရောက်ရှိ

လွှတ်တော်အစည်းအဝေးအတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာကို သွားရောက်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ကအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦး ဒီကနေ့ညနေမှာ ကယားပြည်နယ်ကို ပြည်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ အခုလက်ရှိနိုင်ငံရေးအခြေအနေကြောင့် လွှတ်တော်အစည်းအဝေးမကျင်းပခဲ့ပဲ...

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြု လုပ်ယနေ့ ညနေ ၃နာရီအချိန်ခန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဝန်းထဲမှာ ကျန်းမာရေးဝန်ထမ်းများက တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးနီလုပ်ရှားမှုကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။ ''ပြည်သူလူထုဆန္ဒမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရပေါ့နော ဖြုတ်ချပြီးတော့ မတရားအာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြကြတာပေါ့။ ဒီနေ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖဲကြိုးနီကမ်ပိန်း ကိုလုပ်ရှားတာပေါ့'' လို့...

မြန်မာ့တပ်မတော်ကနေ အာဏာသိမ်းယူတဲ့အပေါ် KNGY ရဲ့ သဘောထား ထုတ်ပြန်ချက်

တပ်မတော်ကနေ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး မဲမသမာမှုကို အကြောင်းပြပြီး နိုင်ငံတော် အာဏာသိမ်းယူမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် ( KNGY ) က ဒီကနေ့ (ဖေဖော်ဝါရီလ ၂ ရက်) မှာ ထုတ်ပြန်ချက်ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆုတ်ယုတ်စေတယ်ဆိုပြီး KNGY က အချက်...

တပ်မတော် အာဏာသိမ်းမှုအပေါ်ကရင်နီပြည်လူငယ်အင်အားစုက ရှုတ်ချကြောင်း ထုတ်ပြန်

ကန္တာရဝတီတိုင်း (မ်) ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက ထုတ်ပြန်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေတဲ့ အပြင် ပြည်သူကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်...

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဆိုတာဘာတွေပါလဲ။ (၂)

https://youtu.be/TSHwWffQzUg လူသားတိုင်း သိသင့်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အချက်(၃၀)ကို ကန္တာရဝတီတိုင်းမ်ကနေ အပတ်စဉ်တင်ပြပေးနေတာဖြစ်ပြီး အခုအပတ်ဆိုရင် ဒုတိယအကြိမ် ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာဆိုရင် လူ့အခွင့်အရေးအချက်(၃၀)ထဲက ပထမ သုံးချက်ကို တင်ပြ ပေးသွားပြီဖြစ်ပြီး အခု ဆက်လက်တင်ပြပေးမယ့် နောက်ထပ် (၃) ချက်ကို ပြောပြပေးသွားပါမယ်။

ပြန်လွှတ်ပေးရေးကို မသိရသေးပေမဲ့ လက်ရှိ အဆင်ပြေနေသေးကြောင်း ကယားပြည်နယ် ကိုယ်စားလှယ်တွေ ပြော

ကန္တာရဝတီတိုင်း (မ်) နေပြည်တော်စည်ပင်ရိပ်သာမှာ ထိန်းသိမ်းခံရထားတဲ့ ကိုယ်စားလှယ်တွေကို ဘယ်အချိန်မှာ ပြန်လွှတ်ပေးမယ်ဆိုတာမျိုးကို မသိရသေးပေမဲ့ လက်ရှိ နေထိုင်နေတဲ့ အဆောင်မှာ ပုံမှန်အတိုင်း နေထိုင်နေကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဒီးဒီးက ပြောပါတယ်။ "နေရထိုင်ရတာတော့ ပုံမှန်ပါပဲ။ ဒီမှာ အဆောင်မှာပဲနေကြတာ။ လျှောက်သွားလို့ရတယ်။ ခြံထဲမှာတော့။...

ဖမ်းဆီးခံထားရတဲ့ ဘောလခဲ မြို့နယ် နဲ့ ခရိုင် NLD ပါတီ ခေါင်းဆောင်၄ ဦး ပြန်လွှတ်လာ

ကန္တာရဝတီတိုင်း (မ်) တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘောလခဲမြို့နယ် နဲ့ ဘောလခဲခရိုင် NLD ပါတီ ခေါင်းဆောင် ၄ ဦး ကို ယခုည (ဖေဖော်ဝါရီလ ၁ ရက်နေ့ ည) ၈ နာရီမှာ ပြန်လွတ်ပေးလိုက်တယ်လို့ ဘောလခဲမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ...

Latest news

- Advertisement -spot_img