KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၂၈ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဘောလခဲမြို့မှာ စစ်တပ်ယာဉ်တန်းသွားလာချိန် ကုန်စည်တွေပါ တပါတည်း သယ်ယူပို့ဆောင်
– ဖရူဆိုအနောက်ခြမ်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာ
– Clean Yangon ကနေ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူတွေ
– YAC ကျောင်းမှာ သုတေသနစာတမ်းဖတ်ခြင်းနဲ့ လူမှုစီးပွားရေးလုပ်ငန်း တင်ပြခြင်း အစီအစဉ် ပြုလုပ်
စတဲ့ သတင်းတွေနဲ့အတူ မိုးလေဝသသတင်းနဲ့ ကုန်ဈေးနှုန်းသတင်းတွေကို နားဆင်ရမှာပါ။ ဒါ့အပြင် အပတ်စဉ်တင်ဆက်ပေးနေတဲ့ သုတအဖြာဖြာ အစီအစဉ်ကနေ ယနေ့ကမ္ဘာကြီးရဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်ပြီး လူအများစိတ်ဝင်စားနေကြတဲ့ “အယ်လ်နီညို အားကောင်းလာနိုင်မှုနှင့်
ဘင်္ဂလားပင်လယ်အော် မုန်တိုင်းအလားအလာ” ဆိုတဲ့ အကြောင်းအရာကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





