spot_img
25.2 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img

ဆောင်းပါး

ကန္တာရဝတီတိုင်း(မ်)အယ်လ်နီညိုဟာ အစွန်းရောက်သဘာဝဘေးတခုဖြစ်ပြီး အလွန်ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုတခုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံတွေ ဖြစ်ကြတဲ့ အီကွေတာနဲ့ အနီးတဝိုက်နိုင်ငံတွေမှာ ဒီဇင်ဘာလအတွင်း ပင်လယ်ပြင်ကနေ...
မူဖိလစ်စတာ / ကန္တာရ၀တီတိုင်း (မ်)ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ခင်းလေးရဲ့ အေးစိမ့်စိမ့်ရာသီဥတုလေးနဲ့အတူ မနက် ၉ နာရီ ကျောင်းတက်ခေါင်းလောင်းထိုးပြီ။ ကွင်းပြင်မှာ ပြေးလွှားဆော့ကစားနေကြတဲ့...
ကန္တာရဝတီတိုင်း(မ်)တစ်လေးလုံးစစ်ဆင်ရေးလို့ လူသိများတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့မြို့ပြတိုက်ပွဲကြောင့် ဒီကနေ့အချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့အတွင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပါ….။တိုက်ပွဲတွေကြောင့် လွိုင်ကော်ဒေသခံတွေဟာ များသောအားဖြင့်...
မော်ဦးမြာ (ကန္တာရဝတီတိုင်း(မ်))ကရင်နီမှသည် ကယား၊ ကယားမှသည် ကရင်နီသို့ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကရင်နီသမိုင်းကို ဖတ်မိသူတိုင်း၊ ကြားဖူးသူတိုင်းက သိရှိကြပါတယ်။ ဗမာပြည်ကို ဗြိတိသျှအစိုးရကနေ ကိုလိုနီပြုခဲ့တဲ့...
မူဖိလစ်စတာ/ကန္တရ၀တီတိုင်း (မ်)ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေသခံလူထုတွေ အားထားရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက စစ်အာဏာသိမ်းပြီးနောက် ဒေသခံတွေ လက်လွှတ်လိုက်ရတဲ့ ဒုတိယအကြီးမားဆုံး ဆုံးရှုံးမှုတခုဖြစ်ပါတယ်။ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာအသီးသီးက ဒေသခံလူထုတွေအများစုရဲ့...
ကန္တာရဝတီတိုင်း(မ်)ညနေစောင်းပြီဆိုတာနဲ့ အေးချမ်းလာတဲ့ လေပြေတွေနဲ့အတူ နှင်းရည်တွေကို အန်တုဖို့ ထင်းမီးဖိုဘေးမှာ ဝိုင်းထိုင်နေကြတဲ့ မိသားစုလေးတစု။သူတို့ကတော့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်မိသားစုတစုဖြစ်ပြီး လုံလောက်တဲ့ အနွေးထည်၊ စောင်နဲ့...
ကန္တာရဝတီတိုင်း(မ်)မြန်မာပြည်မှာ အသေးငယ်ဆုံး၊ လူဦးရေ အနည်းဆုံးဖြစ်တဲ့ ကရင်နီပြည်နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ပြည်နယ်အနေနဲ့ သေးငယ်ပေမဲ့ သမိုင်းကတော့ မသေးငယ်ပါဘူး။ အာဏာသိမ်းပြီး ကာလအတွင်းမှာ...
ကန္တာရဝတီတိုင်း(မ်)အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ဖို့နဲ့ သားသားမီးမီးတွေယူဖို့ စိတ်အဆင်သင့်မဖြစ်မှုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခြင်းဟာ ရှိပြီးသားရောဂါအခံတွေ ပိုဆိုးစေသလို ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ရင်သွေးငယ်ကိုပါ ဆိုးကျိုးဖြစ်စေတဲ့ အန္တရာယ်တွေနဲ့...
ကန္တာရဝတီတိုင်း(မ်)“ မိဘဆိုတာကလေ ကိုယ့်သားသမီး ကိုယ့်ကို သင်္ဂြိုလ်တာ ပိုပြီး တင့်တယ်တယ်ပေါ့။ အခုက သားသမီးကို ပြန်ပြီး သင်္ဂြိုလ်ရတဲ့ အနေအထားဖြစ်နေခါကျတော့ ကျမတို့ကလေ ဖြေဆည်...
ဝါးနဲ့ ဆောက်လုပ်ထားတဲ့ ယာယီအိမ်လေးထဲ အမျိုးသမီးငယ်နှစ်ယောက် ကျောင်းသွားဖို့အတွက် ဗျာများနေပါတယ်။အကာမရှိဖြစ်နေတဲ့ တဲအိမ်လေးဟာ လက်ရှိမှာတော့ သူတို့ရဲ့ တခုတည်းသော မှီခိုရာအိမ်ဖြစ်နေပါတယ်။ မောင်နှမတွေဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ကျောင်းနေအရွယ်...
မော်ဦးမြာ / ကန္တရဝတီတိုင်း(မ်)အုံ့မှိုင်းမှိုင်း သစ်ပင်ကြီးတွေရဲ့အောက်က တောင်စောင်းကလေးပေါ်မှာ စာသင်ဆောင်တွေ ဆောက်လုပ်ထားပြီး၊ ကျောင်းတက်ချိန်ရဲ့မနက်ခင်းမှာ ကျောင်းသူ၊ ကျောင်းသား ၂၅၀ ဝန်းကျင်က မတ်တပ်ရပ်ပြီး ကရင်နီအလံတော်ရှေ့မှာ...
မူဖိလစ်စတာ/ ကန္တာရ၀တီတိုင်း (မ်)ကရင်နီပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဒီးမော့ဆိုမြို့ကို ငွေတောင်ပြည်လို့လည်း ခေါ်ဝေါ်သမုတ်၊ လူသိများကြပါတယ်။ကယော၊ကယန်း၊ကယား စတဲ့ လူမျိုးစုတွေ အများဆုံးနေထိုင်ကြပြီး၊ အနည်းစုမှာတော့ ဂေါ်ရ်ခါး ၊အင်းသား၊...
မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)ဒီဇင်ဘာလရဲ့ ချမ်းစိမ့်စိမ့် မနက်ခင်းလေးတွေဟာ အိပ်ယာထဲမှာ အေးဆေးသာယာစွာအိပ်ရင်း ဆာလောင်လို့ အိပ်ယာထလာရင် ကော်ဖီလေးတခွက်၊ နှစ်သက်ရာမုန့်လေးနဲ့ မနက်စာကို သုံးဆောင်ပြီး နွေးနွေးထွေးထွေးနဲ့ တနေ့တာကိုဖြတ်သန်းဖို့...
မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)ဝါးရုံတွေအောက်မှာ မလုံ့တလုံ့ အမိုး၊ အကာတွေနဲ့ တဲအိမ်ငယ်လေးတွေဆောက်ထားပြီး အမှတ် ၉ ဆိုတဲ့ နာမည်လေး ပေးထားတဲ့ စစ်ဘေးရှောင်စခန်းတခု။ အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့...
ကန္တာရဝတီတိုင်း(မ်)ခရစ္စမတ်အကြိုနေ့ (ဒီဇင်ဘာ ၂၄ ) ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပျော်ရွင်ဖွယ်အခါသာမယ ဖြစ်ပေမဲ့ ဒေါ်အယ်စတယ်တယောက် ဒီလိုနေ့မှာ ရင်တွေပူလောင်ကွဲအက်နေတာ အခုဆိုရင် ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။...
ကန္တာရဝတီတိုင်း(မ်)Marijunna လို့ခေါ်တဲ့ Weed (သို့) ဆေးခြောက်ကို အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က လူငယ်တွေဟာ လွတ်လွတ်လပ်လပ် အသုံးပြုလာကြတာကို တွေ့ရပါတယ်။တချို့က Marijunna လို့ခေါ်တဲ့ Weed...
မူဖိလစ်စတာ/ ကန္တရ၀တီတိုင်း( မ် )မတူညီတဲ့တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်နေရတဲ့ ကရင်နီလူထုရဲ့ တူညီတဲ့စိတ်ဆန္ဒတခုက အိမ်ပြန်ချင်စိတ်ပါပဲ။ပွဲလမ်းသဘင်နဲ့စည်ကားခဲ့တဲ့ ကျေးရွာ၊ နွေးထွေးမှုနဲ့ပြည့်နေခဲ့တဲ့အိမ်၊ စား၀တ်နေရေးအတွက် ပူစရာမလိုခဲ့တဲ့...
ကန္တာရဝတီတိုင်း(မ်)“ဆန်လေးနည်းနည်းပါးပါးရပြီဆိုရင် တချို့လူတွေက ပြောတယ်ပေါ့နော။ ငါ့အတွက် တစ်ပတ်စာ၊တစ်လစာရပြီပေါ့။ သူတို့အဲဒီလိုမျိုးပြောတယ်ဆိုရင် ကိုယ်ကလည်း လုပ်ပေးခဲ့တာ သူတို့အတွက် ဒီလောက်တောင်မှ အကျိုးရှိလားပေါ့။” လို့ ကိုယ့်လုပ်ရပ်အတွက် ကြည်နူးမိရင်း...
ကန္တာရဝတီတိုင်း(မ်)ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ကို အများဆုံး ခံစားကြရပါတယ်။ နှစ်စဉ် အမျိုးသမီး ၃၀၀,၀၀၀ ကျော်ဟာ သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးနေကြရတယ်လို့...
မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)တောတွင်းမှာပေါက်တဲ့ အင်ပင်ငယ်လေးတွေရဲ့ အရိပ်အောက်မှာ မြေကြီးပေါ် အပြာရောင်၊ အစိမ်းနုရောင် မိုးကာလေးတွေချခင်းရင်း၊ လက်ထဲ ဘောပင်တချောင်း၊ စာအုပ်တအုပ်နဲ့ ခြေခွေထိုင်ပြီး စားပွဲမရှိ၊...
ကန္တာရဝတီတိုင်း(မ်)တောင်စွယ်တောင်တန်း အထပ်ထပ်ပေါ်မှာ လူနေအိမ်တွေပူးကပ်နေတဲ့ မော်ချီး‌ဒေသဟာ ယခင်ကလို ပျော်စရာတွေအစား တွေးပူပြီး ရင်လေးစရာတွေနဲ့သာ ပြည့်နှက်နေပါတယ်။အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်းမှာပဲ မော်ချီးဒေသခံတွေအတွက် ပထမဦးဆုံးအနေနဲ့ တွေးပူရင်လေးစရာကတော့ ကုန်ဈေးနှုန်းနဲ့...

ဆက်စပ်အမျိုးအစားများ

လူဖတ်အများဆုံး သတင်းများ