CATEGORY
အင်တာဗျူး
တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးစစ်ရှောင်များရဲ့အမြင်
၂၀၂၁ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီပြည်တွင်းမှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပါတယ်။ စစ်ဘေးရှောင်အများစုဟာ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ တစ်နှစ်ကျော်ကြာတော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘာတွေခံစားနေကြရလဲ။ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ သူတို့အမြင်က ဘယ်လိုရှိနေလဲ။
https://youtu.be/6lvXuNNN3M0
နော်မူစေး (စစ်ရှောင်အမျိုးသမီးတစ်ဦး)
“ကျမတို့က ဒီစစ်ရှောင်တဲ့နေရာမှာဆိုလို့ရှိရင် ကျမတို့က မျှော်လင့်ချက်ရှိတာပေါ့နော။ ဘယ်ချိန်ပြီးမလဲ ပြီးတော့မှ...
မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ပိတ်မိခဲ့သူထဲက ပြန်လွှတ်မြောက်လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
မိုးဗြဲမြို့မှာ စစ်ကောင်စီတစ်ကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စက်တင်ဘာလ ၁၉ရက်နေ့မှာ အရပ်သားတချို့ကို မွေတော်ဘုရားဘုန်းကြီးကျောင်းနဲ့ စက်တော်ရာဘုန်းကြီးကျောင်းတွေမှာ ထွက်ခွင့်မပေးပဲ ပိတ်ထားတာတွေရှိပါတယ်။
စက်တင်ဘာလ ၂၆ရက်နေ့အထိ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေပြီး မွှေတော်ဘုရားဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေထဲကပြန်လည်လွှတ်မြောက်လာနိုင်ခဲ့သူတစ်ဦးကို သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြန်လည်ပြောပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။
မေး။ ။ ဘယ်လိုကြောင့် ပိတ်မိခဲ့ရတာလဲ စက်တင်ဘာလ...
လက်ရှိတော်လှန်ရေးအပေါ် စစ်ရှောင်ပြည်သူတချို့ရဲ့ မျှော်လင့်ချက်
https://youtu.be/3265ivSDCcU
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူနှစ်သိန်းဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်း နီးစပ်ရာဆွေမျိုးကျေးရွာတွေမှာ နေထိုင်ရတာ တစ်နှစ်ကျော်ကြာမြှင့်လာပြီဖြစ်ပါတယ်။
စစ်ရှောင်အများစုကတော့ နေအိမ်မီးရှို့ခံရတာ၊ နေအိမ်လက်နက်ကြီးထိမှန်ပျက်စီးတာ၊ နေရပ်ပြန်လို့မရအောင် အိမ်ပတ်လည် ကျေးရွာတွေမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားတာတွေကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။ တော်လှန်ရေးကာလ အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ အရေးတော်ပုံအောင်မယ်လို့ ယုံကြည်လား ဆိုတဲ့အပေါ်...
“တပ်မ ၆၆ ဟာ ကရင်နီမြေမှာ တပ်ပျက်နေပြီ” ဆိုတဲ့ အပေါ်မှာ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းခြင်း
ကန္တာရဝတီတိုင်း(မ်)
“တပ်မ၆၆ကဖွဲ့စည်းပုံပျက်နေပြီဆိုတာကတော့ မှန်ပါတယ်။ ဒါကတော့ လူတိုင်းသိနေတဲ့ကိစ္စပါပဲ။ ဒီကရင်နီပြည်ထဲမှာမှမဟုတ်ဘူး ကျန်တဲ့သတင်းမီဒီယာတွေ နောက်တစ်နိုင်ငံလုံးကလည်းသိနေတာပေါ့။ ကျဆုံးတအားများတယ်ဆိုတာ လူတိုင်းကသိနေပါတယ်။”
၂၀၂၁ခုနှစ် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် ကရင်နီပြည်တွင်းမှာ ဆန္ဒထုတ်ဖော်မှုနဲ့အတူ လက်နက်ကိုင်ခုခံတော်လှန်ရေးလမ်းစဉ်ပေါ်ပေါက်လာခဲ့ပါတယ်။ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ စုဖွဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာ တစ်နှစ်ကျော်ကြာမြှင့်နေပြီဖြစ်ပါတယ်။ ကရင်နီပြည်တွင်းက ဒေသခံတပ်ရင်းတွေအပြင်...
“ကရင်နီပြည်သူ့ရင်ခွင်” တာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းခြင်း။
CDM စစ်သားတွေ ခိုလှုံရာနေရာတစ်ခုဖြစ်တဲ့ “ကရင်နီပြည်သူ့ရင်ခွင်” တာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းခြင်း။
မေး ။ ။ အရင်ဆုံး ဆရာ့နာမယ်နဲ့ CDM ဌာနမှာ တာဝန်ယူမှုအပိုင်းလေး မိတ်ဆက်ပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့ ကျနော်ယုန်လေးပါ။ အခန်းကဏ္ဍတော့ ပထမနံပါတ် ၁ တစ်ချက်က ကရင်နီပြည် ပြည်သူ့ရင်ခွင်အစီစဉ်မှာက အဓိကတာဝန်ခံဖြစ်တယ်ပေါ့နော။ ပြီးတော့ ကရင်နီပြည် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားတွေကို အကုန်လုံးစုဆောင်းပြီးတော့ ကျနော်တို့ ဒါ CDMဌာနပေါ့နော။ အဓိက ဌာနမှူးအဖြစ်...
“နွေဦးဂုရုလေးများ”တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တည်ထောင်သူတစ်ဦးနှင့်တွေ့ဆုံခြင်း။
ကန္တာရဝတီတိုင်း(မ်)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစ စစ်ဘေးရှောင်အရေး၊ ထောက်ပို့၊ကျန်းမာရေးဝန်ဆောင်မှု၊ပညာရေးအပိုင်းတွေမှာ လုပ်ဆောင်နေတဲ့ "နွေဦးဂုရုလေးများ" ပရဟိတအဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဩဂုတ်လအတွင်းမှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ တစ်နှစ်အတွင်း အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်၊ စိန်ခေါ်ချက်၊ ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေနဲ့ပတ်သက်ပြီး တည်ထောင်သူအဖွဲ့ဝင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ နွေးဦးဂုရုရဲ့စတင်ပေါ်ပေါက်လာပုံအကြောင်း ပြောပြပေးပါအုံး။ဖြေ။ ။ "ကျနော်တို့နွေဦးဂုရုအဖွဲ့ကတော့ပေါ့နော ပြီးခဲ့တဲ့ အရင်နှစ်...
KNDF မှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ အပေါ် အတွင်းရေးမှူး ၃ ခူးရီးဒူနှင့် မေးမြန်းခြင်း
ကန္တာရဝတီတိုင်း(မ်)
https://www.youtube.com/watch?v=p-MvzthlhGc
ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲမှာ အမျိုးသမီး ပါဝင်မှုနှုန်းက များပြားနေတာကို တွေ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေ အထဲက စစ်ကောင်စီနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှာလည်း အမျိုးသမီးရဲဘော်ပါဝင်မှုများပြားနေပါတယ်။ ဒီတော်လှန်ရေးမှာ အမျိုးသမီး ပါဝင်မှုအခန်းကဏ္ဍက ဘယ်လိုရှိနေပါသလဲဆိုတာကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်...
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှာ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ရီမာန်ထူးနဲ့ တွေဆုံမေးမြန်းခြင်း
https://youtu.be/RCXetUa48n4
ဒီကနေ့ ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး (၇၄)နှစ်ပြည့်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဆရာကြီး ရီမာန်ထူး နဲ့ ကန္တာရဝတီတိုင်း(မ်) ကတွေ့ ဆုံမေးမြန်းထား ဖြစ်ပါတယ်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးဆိုတာ ဘာလဲ၊ ဘယ်လိုကြောင့်...
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အပေါ် မှာ KNDF ရဲ့ အတွင်းရေးမှူး ၃ ခူးရီးဒူနဲ့ တွေ့ဆုံမေးမြန်းခြင်း
https://youtu.be/v7JwtpK3p80
ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်မယ့် (၇၄) နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ နဲ့ ပတ်သက်ပြီး လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး (၃) ဖြစ်တဲ့ ခူးရီးဒူ နဲ့ ကန္တာရဝတီတိုင်း(မ်) က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းမှုမှာ - နှစ်ပေါင်း...
စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။
ဇူလိုင်လအတွင်းမှာဆိုရင် စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်ပွားရာနဲ့ဝေးတဲ့ ကျေးရွာတွေ စစ်ရှောင်စခန်းတွေမှာကျရောက်တာရှိပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ စစ်ရှောင်ပြည်သူလည်းရှိသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များစွာရှိနေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။
ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ )
“စစ်ကောင်စီက သမိုင်းစာမျက်နှာပြန်ကြည့်မယ်ဆိုလို့ရှိရင် လူထုကိုအကျိုးပေးတာ၊ လူထုအကျိုးကို...