Homeမာလ်တီမီဒီယာထိုင်း-ကရင်နီနယ်စပ်တနေရာမှာ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနား ကျင်းပ

ထိုင်း-ကရင်နီနယ်စပ်တနေရာမှာ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနား ကျင်းပ

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအစီအစဉ်မှာ တက်ရောက်လာကြတဲ့ခေါင်းဆောင်တွေ လူထုတွေကနေ နေရာယူတာ ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုတာ ၊ ကရင်နီနိုင်ငံတော်သီချင်းသီဆိုတာ ၊ ခေါင်းဆောင်တဦးကနေ အဖွင့်အမှာစကားပြောကြားတာ ၊ ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ပြောကြားတာ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းပြောကြားတာ ၊ ပေးပို့လာတဲ့သ၀ဏ်လွှာဖတ်ကြားတာတွေ ပြုလုပ်သွားခဲ့ပါတယ်။

( ၁၅၁ ) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ပါတီက ခေါင်းဆောင်တွေ၊ မိဘပြည်သူတွေ၊ ကျောင်းသားကျောင်းသူ အပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ကို နယ်စပ်ဒေသအပါ၀င် ပြည်တွင်း၊ ပြည်ပမှာ ရောက်ရှိနေကြတဲ့ ကရင်နီ အမျိုးသားတွေကနေ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ