ကန္တာရဝတီတိုင်း ( မ် )
ပြီးခဲ့တဲ့ မေလ ပထမပတ်အတွင်း ဖရူဆိုအရှေ့ဘက်ခြမ်း (ကေးလျား) မြို့နယ်က ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲ့ဒီအချိန် စစ်ကြောင်းဝင်လာတာကို မသိဘဲ တောင်ယာခင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၄၀ ကျော်အရွယ် ခူးတော့ရယ်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီး ၄ ညအကြာမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် စစ်တပ်ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖမ်းဆီးခံရစဉ် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ခူးတော့ရယ်ကို ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။





