နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးသူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်နီပြည်က ကလေးငယ်တွေရဲ့ ရင်တွင်းစကားသံနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို တင်ဆက်ပေးထားပါတယ်။
စစ်ရေးပဋိပက္ခတွေကြားမှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်၊ နေရပ်စွန့်ခွာရမှုနဲ့ ပညာသင်ကြားခွင့် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေဟာ လုံခြုံစိတ်ချစွာ ပညာသင်ယူခွင့်ရဖို့၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ ငြိမ်းချမ်းတဲ့ဘဝမှာ ကြီးပြင်းခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။






