KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၀) ရက်၊ (ကြာသပတေးနေ့)
– မော်ချီးမှာ စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး မိသားစုဝင် ၅ ဦးသေဆုံးခဲ့
– ဆောင်ကန်း ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေ
– ဖယ်ခုံအရှေ့ဘက်ကမ်း ကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံ တိမ်းရှောင်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အင်တာဗျူးအစီအစဉ်ကနေ “ ဖွံဘော်ခွတ်မြို့နယ် ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ဂျူးလစ်နဲ့ တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။



