KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၂၀ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
– Htel Phoe Music Learning Center (HPML )သင်တန်းကျောင်းရဲ့ အပတ်စဉ် (၄) အတွက် သင်တန်းသား ခေါ်ယူ
– ဖရူဆိုမှာ ၃ ရက်ဆက် စစ်အုပ်စုတပ်တွေ ဒရုန်းကင်းထောက်၊ လုပ်ငန်းခွင်ဝင်နေတဲ့ တောင်သူစိုးရိမ်
– မြန်မာ့ လူဦးရေ ၁၂ သန်းကျော်က ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်
စတဲ့သတင်းတွေအပါအဝင် “ကရင်နီတပ်မတော် (KA) အပတ်စဉ် (၇၇)သင်တန်းဆင်းပွဲမှာ နည်းပြနဲ့ ရဲဘော်/ရဲမေ တွေရဲ့ ခံယူချက် စကားသံ”တွေနဲ့အတူ မိုးလေဝသတင်းတွေကိုကြားကြရမှာပါ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




