spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၃ ) ရက်၊ (ကြာသပတေးနေ့ )

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၃ ) ရက်၊ (ကြာသပတေးနေ့ )

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၃ ) ရက်၊ (ကြာသပတေးနေ့ )
– မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်နေဆဲဖြစ်ကြောင်း IIMM အစီရင်ခံစာက ပြောထားတဲ့သတင်း၊
– စိုက်ပျိုး၊ မွေးမြူရေးသင်တန်းသားတွေကို ခေါ်ယူနေပြီး လူငယ်တွေကို ဦးစားပေးခေါ်ယူသွားမယ်လို့ IEC ပြောတဲ့သတင်း၊
– ဖရူဆိုမြို့နယ်မှာ စစ်အုပ်စုတပ်က ဒရုန်းနဲ့ ကင်းထောက်မှုတွေ ခပ်စိပ်စိပ်လုပ်နေတာကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရတဲ့ အခြေအနေ
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကရင်နီဒုက္ခသည်လူငယ်တွေ အများဆုံးဝင်ရောက်လုပ်ကိုင်နေ
စတဲ့သတင်းတွေနဲ့ နေ့စဉ်မိုးလေဝသ အခြေအနေတွေကို တင်ဆက်ပေးပါမယ်။ အဲဒီနောက် မနေ့က ဒီးမော့ဆိုမြို့နယ်မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ လူငယ်တချို့ရဲ့ စကားသံတွေနဲ့အတူ၊ ကြာသပတေးနေ့တိုင်းမှာ KTFM ကနေ ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ “အင်တာဗျူးအစီအစဉ်”ကိုလည်း နားဆင်ကြရပါမယ်ရှင့်…..

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ