KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၉ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
– လွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီရရှိဖို့ တန်းစီစောင့်ဆိုင်းနေရပြီး အပြင်ပေါက်ဈေး ၅,၀၀၀ ကျပ်အထိ ရှိလာ
– ကရင်နီမှာ သစ်တောပြုန်းတီးမှုကာကွယ်ဖို့ ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်းကို IEC စတင်
– Starlink မူဝါဒပြောင်းလဲမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက အင်တာနက်ဆိုင်တချို့မှာ GB နဲ့ ဝယ်သုံးနေရ
– ဖယ်ခုံမြို့နယ်က ကစူးပါကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ဖျားနာနေပြီး အရေးပေါ်ဆေးဝါးအကူအညီ လိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသသတင်းနဲ့ ကုန်ဈေးနှုန်းသတင်းတွေကိုကြားကြ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





