မင်္ဂလာပါရှင့်…
ဒီနေ့ ဩဂုတ်လ (၁၉) ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းရုပ်သံသတင်းကို တင်ဆက်ပေးပါမယ်။
00:06 အဖွင့်
00:45 Starlink မူဝါဒပြောင်းလဲမှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက အင်တာနက်ဆိုင်တချို့မှာ GB နဲ့ စတင်ဝယ်သုံးနေရတဲ့သတင်း၊
02:01 ကရင်နီကို ပြည်တွင်းထွက် ချက်ဆီတွေရောနှောထားတဲ့ ဓာတ်ဆီတွေ ဝင်ရောက်လာတဲ့အကြောင်း၊
03:15 လွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်နေပြီး ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့ အခြေအနေနဲ့
04:29 ကရင်နီပြည်ရဲဌာနက ၆ လအတွင်း အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၆၀ ကျော်ထဲ မူးယစ်ဆေးဝါးမှုက အများဆုံးဖြစ်နေတဲ့အကြောင်း
စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရပါမယ်ရှင့်….
05:48 အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင့်…





