KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
-စစ်အာဏာသိမ်း (၂၁၁၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၇၀၂)ဦးထိရှိလာ
– ကရင်နီမှာ စတားလင့်စက်တချို့ ထပ်မံ ပိတ်ခံရ
– ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ UN အကြီးအကဲ တောင်းဆို
– မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေအပေါ် အမေရိကန်ရဲ့ ဖိအားတိုးလာ
– ထိုင်းနိုင်ငံထုတ် Ovaltine ကို မြန်မာဈေးကွက်မှာ ဖြန့်ဖြူးရောင်းချမှု ရပ်ဆိုင်း
– ကြက်သွန်ဈေး အဆမတန်မြင့်တက်နေချိန် ထိုင်းနဲ့ တရုတ်ကြက်သွန်တွေ ဈေးကွက်အတွင်း ဝင်ရောက်လာ
စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသသတင်းနဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ်တက်ဆက်ပေးတဲ့ သုတအစီအစဉ်ကနေ “အယ်လ်နီညိုအန္တရာယ်ကြား စားနပ်ရိက္ခာဖူလုံရေးအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်မလဲ။” ဆိုတဲ့အကြောင်းကို ဆက်လက် တင်ဆက်ပေးသွာမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်






