spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းလွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတနေရာမှာ ကိုဗစ်လူနာ ၂၂ ဦးထိရှိလာ

လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတနေရာမှာ ကိုဗစ်လူနာ ၂၂ ဦးထိရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်အရှေ့မြောက်ဘက် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၂ ဦးထိရှိပြီလို စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းက ကိုဗစ်လူနာတွေအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင်လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

”လောလောဆယ်က အောက်ဆီဂျင်တော့ မလုံလောက်သေးဘူးပေါ့နော။ သူတို့အတွက်က အောက်ဆီဂျင်က တစ်ခုနှစ်ခုပဲရှိသေးတယ်။ ပြင်းထန်လူနာတစ်ယောက်အတွက်ပဲ ရှိနေသေးတယ်ပေါ့နော။ ကျမတို့က အောက်ဆီဂျင်ကိုတော့ ကြိုးစားပြီးရှာနေသေးတယ်ပေါ့နော။ ဆေးဝါးကတော့ ဆရာဝန်နားမှာတော့ တချို့ရှိသေးတယ်။ လုံလောက်တာမျိုးတော့ မဟုတ်ဘူးပေါ့နော။ လိုအပ်နေသေးတယ်။ အောက်ဆီဂျင်လည်းလိုအပ်နေသေးတယ်။ ထပ်ပြီးတော့မှ စစ်မယ်ဆိုလို့ရှိရင်လည်း positive တွေလည်းထပ်ပြီးတွေ့လာနိုင်သေးတယ်။ အခုထိတော့ လုံလုံလောက်လောက်တော့ မရှိသေးဘူး။ ထပ်ပြီးတော့ ရှာရအုံးမယ်ပေါ့နော။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ လူဦးရေ နှစ်ထောင်ကျော်ရှိပြီး ကိုဗစ်လူနာတွေကို သီးသန့်ထားပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

” အဲ့တာကတော့ သူတို့ကိုတော့ ကျနော်တို့ စည်းတားထားတဲ့ ပုံစုံလေးတွေထားပြီးတော့မှ နည်းနည်းပါးပါးတော့ ဂရုစိုက်ကြည့်နေတယ်ပေါ့နော။ တတ်နိုင်တဲ့ ရှိတဲ့ ဆေးဝါးတွေနဲ့ပဲ။ ဒါပေမယ့် တကယ်တမ်း အောက်ဆီဂျင်လိုအပ်နေတယ်ပေါ့နော။” KSCC မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာရှိတဲ့ ဖျားနာသူတွေကို RDT Test Kit စစ်ဆေးကြည့်တဲ့အခါမှာ positive တွေ့တာဖြစ်ပြီး ပိုးတွေ့သူတွေဟာ လူငယ်ပိုင်းတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ပက ပြန်လာသူတွေဆီကနေ ပိုးစတင်တွေ့ရှိတာဖြစ်ပြီး လက်ရှိမှာတော့ စခန်းကို Lock down ချထားတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ သြဂုတ်လ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇၈၁ ဦး သေဆုံးသူ ၃၄ ဦး အထိ ရှိလာပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ