spot_img
22.3 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဒီကနေ့ မနက် ဆီးမီးလော့ကျေးရွာအနီး တိုက်ပွဲမှာ KNDF-B03 ရဲဘော် တစ်ဦး ကျဆုံး

ဒီကနေ့ မနက် ဆီးမီးလော့ကျေးရွာအနီး တိုက်ပွဲမှာ KNDF-B03 ရဲဘော် တစ်ဦး ကျဆုံး

-

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့အရှေ့ဘက်ကမ်း၊ ဆီးမီးလော့ကျေးရွာအနီးမှာ ဒီကနေ့ (မေလ ၁၈ရက်) မနက် ၇နာရီ ၁၅မိနစ်မှာ စစ်ကြောင်းထိုးလာတဲ့ ၄၂၂တပ်ရင်းနဲ့ KNDF-B03 တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF-B03က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ KNDF-B03 တပ်ခွဲ(၄)က ရဲဘော်တစ်ဦးဖြစ်တဲ့ အောင်ရွှေ ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သလို တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျဆုံးသူ ရဲဘော်အောင်ရွှေ။ ပုံ KNDF B03

လွိုင်ကော်အမြောက်တပ်နဲ့ ၄၂၂ တပ်ရင်းက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆီးမီးလော့ကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ ဒီကနေ့ဆိုရင် လေးရက်မြောက်သွားပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ