spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတစ်ခုက ကလေးငယ်တွေကို  ဓာတ်မြင့်တင်ရေးလုပ်ဆောင်

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတစ်ခုက ကလေးငယ်တွေကို  ဓာတ်မြင့်တင်ရေးလုပ်ဆောင်

-

CJ (ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် အမှတ် ၃ (A) စခန်းက ကလေးငယ်တွေကိုကို ပရဟိတအသင်းတစ်ခုက စိတ်ဓာတ်မြင့်တင်ပေးခြင်း တွေကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ လုပ်ဆောင်ပေး ခဲ့ပါတယ်။

“ကျနော်တို့ အနောက်ဘက်ခြမ်းက စစ်ရှောင်တွေအားလုံးကို စိတ်မပျက်သွားအောင် သူတို့ စိတ်ဓါတ်မကျသွားအောင် စိတ်ဓါတ်မြင့်တင်ရေးအပိုင်းအနေနဲ့ ၁၈ နှစ်အောက် အခုစာသင်တဲ့ ကလေးတွေအားလုံးကို ဂိမ်းကစားပေးတာတို့ သူတို့ စိတ်ဓါတ်မကျအောင် ကျနော်တို့ ပြောပေးတာတို့ လုပ်ပေးတာပါဗျ။” လို့ အားမာန်သစ် ပရဟိတအသင်း ဦးဆောင်သူ ကိုဟင်နာရီ ကပြောပါတယ်။


စစ်ဘေးရှောင် ကလေးငယ်တွေ အတွက် ​ပညာရေး အသိမြင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ နဲ့ ညဏ်ရည်ထက်မြက်ရေး အတွက် ဂိမ်းကစားနည်း အပြင် အကများကို ကပြပေးခဲ့ပါတယ်။

ဒါအပြင် စင်ကာပူနိုင်ငံရောက် အမည်မဖော်လိုသူ အလှူရှင်တစ်ဦးကလည်း  စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကြက်သား အာလူး ထမင်းတနပ် လှူဒါန်းပေးခဲ့ပါတယ်။


“ကလေးတွေကို အခုလို လာရောက်လှူပေးတာ ကျေးဇူးတင်တယ်၊ စီးပွားရေး တိုးတက်ပါစေ၊ ပြီးတော့ စိတ်ကောင်းနှလုံးကောင်းရှိပါစေ၊ အခြားအလှူရှင်လည်း ဖိတ်ခေါ်ပါတယ်။ ဒီမှာတော့ အများကြီးလိုအပ်တယ်။ အစစရာရာပေါ့၊ အခုလို လူဦးရေ ၈၀၀ အတွက် ထမင်းကြက်သား အာလူး လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။”   လို့ ဒေသခံ ဘုန်းတော်ကြီး တစ်ပါးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက အသက် ၅နှစ်အောက် စစ်ရှောင်ကလေးငယ်တွေမှာ အဟာရချို့တဲ့ တဲ့ လက္ခာဏာတွေတွေ့နေရတာကြောင့် ယခုလို လာရောက်လှူဒါန်းပေးတဲ့အပေါ် အမှတ် ၃ (A) စစ်ဘေးရှောင်စခန်း အတွက် ကောင်းမွန်ကြောင်း စစ်ရှောင်တစ်ဦးကလည်း ဆိုပါတယ်။

ဖရူဆိုမြို့နယ် စစ်ဘေးရှောင် ဦးရေ ၆၀၀၀ ကျော်ရှိပြီး အဆိုပါ အမှတ် ၃ (A) စစ်ဘေးရှောင်စခန်း လူဦးရေ ၈၀၀ ကျော်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ