spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာအာဏာသိမ်းပြီးနောက် လုံခြုံရေး ပုံစံမျိုးနဲ့ စစ်ကောင်စီတပ်က မြေဧက ၃၀၀ ကျော်ကို သိမ်းယူ

အာဏာသိမ်းပြီးနောက် လုံခြုံရေး ပုံစံမျိုးနဲ့ စစ်ကောင်စီတပ်က မြေဧက ၃၀၀ ကျော်ကို သိမ်းယူ

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ နယ်ထဲက မြေဧက (၂၉၂) ဧက ကို ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်မှာ စစ်‌ကောင်စီတပ်ကနေပြီး လုံခြုံရေး ပုံစံမျိုးနဲ့ တပ်သိမ်းမြေအဖြစ် သိမ်းယူခဲ့တယ်လို့ ကရင်နီပြည် မြေယာရေးဆွဲရေးကော်မတီ ( KLPDC ) အဖွဲ့ဝင်တစ်ဦးထံကနေ သိရပါတယ်။

လွိုင်ကော်မြို့ နယ်ရှိ စစ်ကောင်စီရဲ့ ခလရ ၅၄ တပ် အနီးအနားက မြေယာဧက (၂၈၄) ဧကကို တပ်မြေအဖြစ် သိမ်းယူတဲ့ ကြေညာချက်ကို ယခု ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကောင်စီပိုင် သတင်းစာတွေကနေ ထုတ်ပြန်ကြေညာစာ ထုတ်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်တဲ့ မြေတချို့ဟာ ဒေသခံတွေ တောင်ယာနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ နေရာဖြစ်တယ်လို့ KLPDC အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ လက်တွေ့အရတော့ သူ့ရဲ့ ယန္တာရားတွေကို မြေပြင်မှာ မလုပ်နိုင်ဘူး။ အကောင်အထည်မဖော်နိုင်ဘူးပြောပေမယ့် သူက တစ်ဖက်ကနေ သူပြင်နေတယ်။ ဥပမာ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ကော်မတီ အဲဒီလို ဖွင့်တဲ့ဟာတွေက ပြန်လည်ပြင်ဆင်ဖွဲ့စည်းတဲ့ဟာတွေက တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ လုပ်နေတယ်။ ဆိုတော့ အခုချိန်မှာလည်း သူ့ရဲ့ ယန္တာရားတွေကို သူလည်နိုင်ဖို့အတွက်ကတော့ သူတွန်းနေတဲ့ ကိစ္စတော့ရှိတယ်ပေါ့နော။ “ လို့ သူက ပြောပါတယ်။

အလားတူ ပန်ကန်း ကျေးရွာက စစ်မှုထမ်းဟောင်းမြေယာ ၈ ဧကကိုလည်း ပြန်လည် သိမ်းယူသွားတာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက လောလောဆယ်ကာလမျိုးမှာ အာဏာသိမ်းကာလမျိုးမှာ ဆိုရင်တော့ သူတို့ သဘောပဲလေ။ သူတို့သဘောပဲ ဖြစ်တဲ့အတွက် သူကြိုက်တာ သူလုပ်မှာပဲ။ အကယ်၍ အဲဒီမှာသာ နေအိမ်တွေမရှိလို့ အကယ်၍နေအိမ်တွေ ရှိလို့ရှိရင်လည်း ဖယ်အုံးမှာ အဲဆိုရင်တော့ ပထမတစ်ချက်ကတော့ သူ့အာဏာသိမ်းမှု ဖြစ်တဲ့ အထဲမှာ ကျနော်တို့ ဘားမှ ပြောခွင့်မရှိဘူး။ ကျနော်တို့ဒီ အဓိက အခြေခံအခွင့်အရေးပေါ့နော။ အဲဒီမှာဆိုလို့ရှိရင် ပိုင်ရှင်တွေဆိုရင်လည်း ကျနော်တို့မြေဖြစ်တယ်လို့ ဘယ်သူမှ အခုချိန်မှာ မပြောရဲဘူး။“ လို့ KLPDC အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ၁၉၉၀ ပြည့်နှစ်ကစပြီး ၂၀၁၁ခုနှစ် အထိ စစ်‌ကောင်စီတပ်က သိမ်းဆည်းထားတဲ့မြေ (၈၃၂၃) ဧကရှိပြီး ၂၀၁၀ ကနေ ၂၀၁၉ အထိ မြေဧက ၅သောင်းကျော်ကိုလည်း တပ်သိမ်းမြေအဖြစ် သိမ်းယူခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂက ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြထားတာရှိပါတယ်။

KLPDC ဟာ ၂၀၁၈ ခုနှစ်အတွင်း “ ကရင်နီမြေမူဝါဒ” စာအုပ်ကို ဒေသခံပြည်သူတွေနဲ့အတူ ရေးဆွဲထုတ်ဝေထားပြီး ကရင်နီပြည်အတွင်း ဖယ်ဒရယ်မြေယာစနစ်ပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကွန်ယက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ