spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်း အမှတ်(၂) မှာ ချောင်း ရေကြီးမှုကြောင့် စာသင်ကျောင်း ပိတ်ထားရ

ကရင်နီဒုက္ခသည်စခန်း အမှတ်(၂) မှာ ချောင်း ရေကြီးမှုကြောင့် စာသင်ကျောင်း ပိတ်ထားရ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (သြဂုတ်လ ၆ရက်နေ့ ) ညနေပိုင်းမှာ မယ်စရင်း လို့ခေါ်ကြတဲ့ ကရင်နီဒုက္ခသည် စခန်း အမှတ်(၂) မှာ မိုးရွာသွန်းမှုများပြီး ချောင်းရေကြီးလာတာကြောင့် စခန်းရှိ စာသင်ကျောင်း တစ်ရက် ပိတ်ထားရတယ်လို့ ဆိုပါတယ်။

နှစ်စဥ်မိုးရာသီမှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေကြီးလေ့ရှိပေမယ့် လက်ရှိအနေအထားအရ သွားလာဖို့ အဆင်မပြေတော့တာကြောင့် စာသင်ကျောင်းကို တစ်ရက်ပိတ်လိုက်ရတယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂) ဥက္ကဌ စောထိုလွီဝါးက အခုလို ပြောပါတယ်။

“ရေကြီးတာကျတော့ ခါတိုင်းနှစ်လိုပဲပေါ့နော်။ ဒီမိုးရွာတာ ဖြစ်တဲ့အတွက်ကြောင့် ရေတော့ ကြီးလာတာရှိတယ်။ ဒါပေမဲ့ ပျက်ဆီးမှုတော့ မရှိသေးဘူး။ ဥပမာအနေနဲ့ အခုလက်ရှိအနေအထားအရပေါ့နော် ရေကြီး တဲ့အတိုင်းအတာထိဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေထိတော့မရှိဘူး ။ ဒါပေမဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းသွားဖို့အတွက်‌တော့ အဆင်မ‌ပြေတော့ဘူးပေါ့နော်။ ”လို့ ဥက္ကဌ စောထိုလွီဝါးက ပြောပါတယ်။

ဒါ့အပြင် ရေတိုက်စားမှုကြောင့် ချောင်းဘေးမှာစိုက်ပျိုးထားတဲ့ သီးနှံစိုက်ပျိုးခြံတွေ ပျက်စီးသွားတာတွေ ရှိတယ်လို့ သိရပါတယ်။

“ပျက်စီးသွားတာကတော့ သူတို့စိုက်ထားတဲ့ခြံပေါ့နော်။ သူတို့လုပ်စားတဲ့ ခြံတွေကတော့ ချောင်းဘေးနားမှာ ရှိတဲ့ခြံတွေ အားလုံးနီးပါးပေါ့နော် ရေတိုက်စား ပလိုက်တယ်ပေါ့နော်။ အဲ့တာတွေ သူတို့ စိုက်ထားတဲ့သီးနှံတွေတော့ ပျက်စီးသွားတယ်ပေါ့”လို့ စောထိုလွီဝါးက ဆက်ပြောပါတယ်။

အဆိုပါ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂) မှာ ရပ်ကွက် ၃ ခုရှိပြီး လူဦးရေအားဖြင့် ၂၂၄၀ ဦး ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ